𝑬𝒑-2

602 40 0
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

"သားတို့ရယ်ဆရာမတို့ရှာလိုက်ရတာ"

"တောင်းပန်ပါတယ်ခဗျ"

"ရပါတယ်ကွယ် သားတို့ကိုပြန်တွေ့ရတာကိုပဲဝမ်းသာနေပါပြီ"

"သားအိမ်ကိုဖုန်းဆက်ချင်လို့ခဏငှားပါလားဆရာမ"

"ရပါတယ်ကွယ်ရော့"

ဆရာမဆီကဖုန်းရပြီးတာနဲ့မားဆီကိုဆက်လိုက်သည်။

"ဟယ်လိုမား ကလေးချောလဲသွားတာလေခြေထောက်ယောင်သွားတယ်မား အဲ့ဒါသားတို့ကိုလာခေါ်ပေးပါလားဟင် တော်ကြာခြေထောက်ကဒီထက်ပိုဆိုးမှာစိုးလို့"

"အင်းမားတို့လာခေါ်မယ်နော်"လို့ပြောပြီးဖုန်းချလိုက်သည်။

"မိန်းမဘာတဲ့လဲ"

"Perthလေးချော်လဲသွားတာခြေထောက်ယောင်သွားလို့ လာခေါ်ပေးဖို့ပြောတာ ယောက်ျားကားသွားထုတ်ထားလိုက် မိန်းမအင်္ကျီသွားလဲလိုက်ဦးမယ်"

မားတို့ကလည်းကြာလိုက်တာ ကလေးခြေထောက်ကတော်တော်နာနေလားမသိဘူး။မေးချင်ပေမယ့်ပါးစပ်ကဟမရ။ဒီတစ်ခါတော့တော်တော်စိတ်ဆိုးသည်ပင်။ကျွန်တော်တစ်ခါမှကလေးကိုဒီလောက်စိတ်မဆိုးဖူးပါ။

ခဏနေတော့မားတို့လာကြိုတာနဲ့ ဆရာမတို့ကိုနှုတ်ဆက်ပြီးပြန်လာခဲ့ကြသည်။ကလေးနဲ့ကျွန်တော် ကားနောက်ခန်းမှာတူတူထိုင်နေပေမယ့် တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ပါ။ခဏကြာတော့ကျွန်တော့်ပေါင်ပေါ်'ဘုတ်'ဆိုပြီးပြုတ်ကျလာသည်။ကြည့်လိုက်တော့ ကလေးကအိပ်ပျော်နေသည်။ပင်ပန်းသွားတယ်နဲ့တူပါတယ်လေ။

"သားPerthလေးရောက်ပြီထတော့လေ"ဆိုပြီးမားကနှိုးလိုက်တော့မှ မျက်လုံးလေးကိုပွတ်ကာ ထလာသည်။

"လာအန်တီအိမ်ထဲလိုက်ပို့ပေးမယ်နော်"ဆိုပြီးPerthလေးကိုချီကာ အိမ်ထဲသို့ဝင်သွားသည်။

"သူငယ်ချင်းသားလေးကိုဘာလို့ချီလာတာလဲ"

"ချော်လဲတာလေခြေထောက်ခေါက်ထားလို့တဲ့ Saintလေးဖုန်းဆက်တာနဲ့ငါတို့သွားခေါ်လာတာ"

"ဟယ်ဘာလို့ငါတို့ကိုမပြောရတာလဲ"

"Saintလေးကနင်တို့အရမ်းစိတ်ပူနေမှာစိုးလို့မပြောပါနဲ့ဦးဆိုလို့ပါ"

Only You❤️🖤(Completed)Where stories live. Discover now