𝑬𝒑-7

410 35 0
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆
ကိုကိုအခုတလောကျွန်တော့်ဆီကိုသိပ်မလာပါ။ဖုန်းဆက်တော့လည်း တစ်ခါတစ်လေမကိုင်တဲ့အခါတွေပါရှိလာသည်။ကိုကိုပုံမှန်မဟုတ်တာတော့သေချာနေပြီ။ကောင်မလေးရနေပြီလား။အဲ့လိုဖြစ်လို့မရဘူးလေ။ကိုကို့မှာကျွန်တော်ကလွဲပြီးဘယ်သူမှမရှိစေချင်ဘူး။ကိုကို့အချစ်ကိုလည်း ကျွန်တော်ဘယ်သူနဲ့မှမျှပြီးမရချင်ဘူး။ကိုကိုကကျွန်တော့်အတွက်ပဲဖြစ်ရမယ်။ကိုကို့အချစ်ကိုကျွန်တော်ပဲရရမယ်။

"ငါဘာတွေတွေးနေပါလိမ့် ကိုကိုလည်းလူတစ်ယောက်ပဲမဟုတ်လား ကိုကိုကငါ့ဖို့တီထွင်ထားတဲ့စက်ရုပ်မှမဟုတ်ဘဲ အချိန်တန်ရင်သူချစ်တဲ့သူပေါ်လာမှာပဲမဟုတ်လား တစ်သက်လုံးငါ့ကိုပဲချစ်နေလို့မှမရတာ😅ရူးနေလားPerth Tanapon ကိုကိုကစက်ရုပ်မဟုတ်ဘူးကွ"

"Wish this love could be forever and our love will be forever......."

"စိတ်ရှုပ်ရတဲ့အထဲဖုန်းကလာနေသေးတယ်"

"ဟယ်လို"

"အေးPerthမင်းအားလား"

"ဘာလုပ်မလို့လဲ"

"မင်းမွေးနေ့ပြီးကတည်းကသူငယ်ချင်းတွေမတွေ့ဖြစ်ကြလို့လေ အဲ့ဒါအပြင်သွားကြမလို့မင်းကိုခေါ်မလို့"

"ကိုကိုကလွှတ်ပါ့မလားမသိဘူး ဟိုတစ်ခါတုန်းကကိစ္စနဲ့ငါ့ကိုအပြင်သိပ်မလွှတ်ဘူးလေ"

"ပြောကြည့်ပါလား မင်းချွဲလိုက်ရင်ရမှာပါ"

"အင်းခဏလေးငါဖုန်းဆက်မေးလိုက်ဦးမယ်"

"အေးအေးအရမ်းကြီးလည်းမကြာနဲ့ဦးနော်"

"အေးပါကွ ဒါပဲ"

ချက်ချင်းဆိုသလိုကိုကို့ကိုဖုန်းလှမ်းခေါ်လိုက်သည်။

"ဟယ်လိုကိုကို"

"ကလေးပြောလေ"

"ဟိုလေPlanကသူငယ်ချင်းတွေမတွေ့ရတာကြာလို့ အဲ့ဒါတွေ့ကြမယ်ဆိုပြီးခေါ်လို့"

"ကလေးကသွားချင်လို့လား"

"ဟို Planကခေါ်လို့ပါ"

"အင်းသွားလေသိပ်တော့နောက်မကျစေနဲ့ပေါ့ ပြန်ရောက်ရင်ဖုန်းဆက်လိုက်နော် ဒါပဲနော်ကလေး ကိုကိုဖုန်းချလိုက်ပြီ"

Only You❤️🖤(Completed)Where stories live. Discover now