XZIM 1

36.9K 1.6K 24
                                    

"တော်သင့်ရုံပဲကောင်းမယ်အမိ. ရှောင်းကျန့်ကငါ့အပိုင်"

စူပုပ် အလိုမကျတဲ့မျက်နှာနဲ့ ခပ်ကြိတ်ကြိတ်ပြောလိုက်တဲ့ ဒေါသသံထွက်လာရာဆီ သို့  ကြည့်လာတဲ့ ငိုမလိုမျက်ဝန်းနဲ့ မိန်းမလှလေးတစ်ယောက်။
ကျစ်. စိတ်ပျက်စရာပဲ။ အဲ့လို အားနွဲ့သလို မျက်ရည်ကျတော့မယ့် မာယာကုဋေနဲ့ စနိုက်ကြော်တော့မယ့် အချိုးတွေ မသိရင်ခက်တော့မှာပဲ။

"ရိပေါ်  ရောက်လာပြီလား"

"ရောက်လာလို့ မင်း မြင်နေရတာမဟုတ်ဘူးလား ရှောင်းကျန့်"

"ဟင်းး"

အဲ့လို စိတ်ညစ်ညူးတဲ့ သက်ပြင်းချသံတွေ မလိုချင်တာ။ ဒါ ဘာအချိုးလဲ။ ငါ့ကို စိတ်ကုန်ချင်နေပြီပေါ့လေ။ မရဘူး ရှောင်းကျန့်  . မင်း က ငါ့ကို ဒီလို လာလုပ်ပြခွင့်မရှိဘူး။ ငါ့ကို ချစ်တယ် တစ်ချိန်လုံးပြောနေပြီး မှ ...

"ကျစ်  မြင်သမျှ စိတ်ပျက်ဖို့ကောင်းလိုက်တာ"

"ရိပေါ် library ထဲမှာလေကွာ။ အသံထိန်းပါဦးလား"

တစ်ချို့ တစ်ချို့ စားပွဲဝိုင်းတွေဆီက မသိမသာ လှမ်းအကဲခတ်နေကြတဲ့ သိသိသာသာအကြည့်တွေကြောင့် ကျွန်တော် စိတ်ကို လျှော့ချလိုက်ရသည်။ ရှောင်းကျန့်ဘေးနားတိုးကပ်ထိုင်လို့ ရိုးသားယောင်ဆောင်မိန်းကလေးထံသို့ စူထော်လန်အောင်ကြည့်ပစ်လိုက်တော့ ကောင်မလေးက စာအုပ်တွေနဲ့ လွယ်အိတ်ကိုခပ်သွက်သွက်ဆွဲယူပြီး ထွက်သွားတော့သည်။ တွေ့ကြသေးတာပေါ့ ရှောင်းကျန့်ရာ။

"ရိပေါ် စာဖတ်ဦးမလား။ canteen သွားကြတော့မလား"

စာဖတ်စရာလား။ အလိုက်ကန်းဆိုးမသိတဲ့ရှောင်းကျန့်။ အခု ငါ မင်းကို စိတ်တိုနေတာလေ။ ရှောင်းကျန့်ကို ကောင်မလေးတစ်ယောက်နဲ့ library မှာတွေ့ခဲ့တယ် လို့ သတင်းရလို့ အိုးနင်းခွက်နင်းရောက်လာတာ မင်းကို ပြန်လာခေါ်မလို့လေ။ ဒါကိုတောင် မသိဘဲ ငါက စာလာဖတ်ရင်းမင်းကို တွေ့လို့ ဒီနားရောက်လာတယ်ထင်နေတာလား။ ကျွန်တော် ဘာမှမပြောဘဲလှည့်ထွက်လာလိုက်သည်။

"ရိပေါ် .. နေဦးလေ .. ခဏ"

ဘာဖြစ်ပြန်တာလဲ အချစ်ရယ်။ ကိုယ် ချစ်တာ မင်းတစ်ယောက်တည်းပါ။ ဘာတွေစိတ်ဆိုးပြန်ရတာလဲကွာ။ ကိုယ် တစ်တွတ်တွတ်ပြောလွန်း လို့များ မင်း ကိုယ့်အချစ်ကို မယုံကြည်တာလား။ ကိုယ် မင်းလို စူပုပ် အူပူပ် ခပ်ချေချေနေပြရမလား အချစ်။ တွေးရင်းက အလိုလိုပြုံးမိသွားသည်။ ကိုယ် စူပုပ်ပုပ်နေရင်တော့ မင်းလိုမျိုး ချစ်စရာကောင်းမယ်မထင်ဘူးနော်။ တွေးရင်း စာအုပ်တွေအကုန် စုပြုံထိုးထည့်ရင်း ကောက်ချိပ်ကလေးနောက် အပြေးလိုက်ရသည်။ ကြာသွားရင် ဒိထက်ပိုကောက်လာဖို့သာရှိသည်။ စူထော်နေတဲ့ မင်းနှုတ်ခမ်းလေးတွေ ပါးဖောင်းလေးတွေကို သူများတွေ သွားရည်ကျမှာ ကိုယ်မမြင်ချင်ဘူး ချစ်သူ။

"ရိပေါ် ကိုယ့်ကိုစောင့်ပါဆို"

ဂျစ်ကန်ကန်သွားနေတဲ့ ဝမ်စူပုပ်။ ဒူးဖုံးရုံ short pant ကြောင့် လုံးတုတ်တုတ် ခြေသလုံးလေးတွေက ဆွဲကိုက်ပစ်ချင်စရာ။ မရိုးသားတဲ့ ကိုယ့်အတွေးနဲ့အတူ ငါ လိုလူရှိဦးမလား လှည့်ပတ်ကြည့်မိတဲ့ရှောင်းကျန့်။ ဟာကွာ အများကြီးပါလား။ ငါ့အချစ်ရဲ့ စူထော်လန်နှုတ်ခမ်းလုံးလုံးလေး၊ ခြေသလုံးတုတ်တုတ် မုန်လာဥ၊ ပါးဖောင်းပေါက်စီလုံးလေး မင်းတို့ကြည့်စရာမဟုတ်ဘူး။ ရှောင်းကျန့်အလိုမကျချင်တော့။ လွှဲရမ်းနေတဲ့ ရိပေါ်ရဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ ရုန်းကန်ခြင်းမရှိ နှေးသွားတဲ့ ခြေလှမ်းနဲ့ရိပေါ်။ စူပုပ်နေတာတော့မလျော့သေး။ မင်းသိပ်ချစ်ဖို့ကောင်းလွန်းတယ် ရိပေါ်။ ကျန်းချန်ကတော့ ငါ့သူငယ်ချင်း the whole king ကိုများ မင်းလို ဝမ်အူပုပ် လုံးတုတ်က နိုင်ထက်စီးနင်းအကြောကြီးနဲ့ လို့ ပြောတတ်သည်။ ရိပေါ်နဲ့ကျန်းချန်က တွေ့တိုင်းရန်စောင်နေကျ။ ပြောရရင်တော့ ကျန်းချန်မှမဟုတ် သူငယ်ချင်းအားလုံးက ရိပေါ် ရှောင်းကျန့်ကို အနိုင်ယူလွန်းသည် လို့ မြင်သူချည့်။ တကယ်တမ်း ကျွန်တော်ကိုယ်တိုင်က ရိပေါ်ကို အရှုံးပေးထားတာပါ။ မင်း မချစ်သေးလည်း ငါက သိပ်ချစ်တယ်လေ။ မင်းကိုမို့ပါ။ မင်းတစ်ယောက်တည်းအတွက်ပါ အချစ်ရယ်။

ရှောင်းကျန့်လက်ကို ခပ်တင်းတင်းပြန်လည်ဆုပ်ကိုင်လိုက်သည်။  ချစ်တယ် ရှောင်းကျန့်။ ငါ ဘယ်တော့မှပြောမှာမဟုတ်ဘူး။ ငါ့မာနနဲ့ ငါ့အကျင့်က ဒီစကားလုံးထွက်ဖို့ မလွယ်ကူနေဘူး။ ငါ မပြောလည်း မင်းသိသင့်တယ်လေ။ မင်းကို ငါ့အပိုင်လို့ အမြဲပြောတာ၊ မင်းကို ဘယ်သူနဲ့မှတွဲမမြင်ချင်တာ ငါ သဝန်တို လို့ ဆိုတာ မင်း ဘာလို့ မသိရတာလဲ။

xcxxxcxxxxxxxxxxxcxxxxxxxxxxxxxxxxxxxxxxxxxxx
791 words
Lay Nge Ko Ko
20200611

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Where stories live. Discover now