XZIM 3

14.1K 1K 5
                                    

#အတိတ်ခြေရာများ (၁)

ရိပေါ်ရဲ့ အချစ်တွေက ယုန်သွားလေးတွေရယ်၊ မှဲ့နက်လေးရယ်ပိုင်ဆိုင်တဲ့ လူနဲ့ စတင်ပြီး ထိုသူ့ထံမှာပဲအဆုံးသတ်သွားခဲ့သည်။

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးအိမ်တော်တွေထဲပါဝင်တဲ့ ဝမ်အိမ်တော်ရဲ့ အငယ်ဆုံး ချစ်သည်းညှာလေး ဝမ်ရိပေါ်။ သူစိမ်းတွေနဲ့ဆို ရိပေါ်က မရယ်မပြုံး ခပ်ချေချေပေမယ့် မိသားစုဝင်တွေနဲ့ဆိုရင်တော့ အချွဲဆုံး၊ အကောက်နိုင်ဆုံးလေးပင်။ ပါးပါး ဝမ်ရိုဟန်၊ မားမား လျန်မိန့်ဟွာ၊ အစ်ကို ဝမ်ဟိုက်ခွန်းနဲ့ အစ်မ ဝမ်ဇီရီ တို့ရဲ့ အသည်းအူတုန်လေးဝမ်ရိပေါ်။ ပါးပါးရဲ့မိဘတွေဖြစ်တဲ့ လော့ရန်က ဖိုးဖိုးဖွားဖွားတို့အတွက်လည်း ရိပေါ်က အချစ်ရဆုံးမြေးငယ်လေး။

အချေကောင်လေးရိပေါ်ရဲ့ သူငယ်ချင်းတွက ယွီပင်းနဲ့ဖန်ရှင်း။ ယွီပင်းက ရီပေါ်နဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ။ ပါးပါး ညီ ရဲ့သား။ မူကြိုကနေ တက္ကသိုလ်ထိပေါင်းလာတဲ့ အကြောင်းသိသူများ။ ဖန်ရှင်းနဲ့ကတော့ အလယ်တန်းမှာ ခင်ပြီး သူတို့ ၃ ယောက် တက္ကသိုလ်ထိ မကွဲမကွာရှိခဲ့သည်။

ရှောင်းကျန့် နဲ့ရိပေါ် စ တွေ့ခြင်းက သာမန်ဆိုတာထက်မပိုခဲ့ပါ။ ရိပေါ် တို့ ပေကျင်းတက္ကသိုလ် စ တက်တဲ့ နှစ် . 3rd floor မှာရှိတဲ့ student section ကပြန်အထွက် ရှောင်းကျန့်ကအဝင် အမှတ်မထင်ဆုံခဲ့ခြင်းပင်။ ရှောင်းကျန့်က သတိတောင်မထားမိသော်လည်း ရိပေါ်ကတော့ အဝင်အထွက်ဆုံခဲ့တဲ့ ဒီလူကို မှတ်မှတ်ထင်ထင်ရှိခဲ့ပါသည်။

ရိပေါ် အတန်းထဲရောက်တော့ ယွီပင်းနဲ့ဖန်ရှင်းက ရောက်နှင့်ပြီး လက်လှမ်းပြတာကြောင့် သူတို့နားသွားထိုင်လိုက်သည်။ ခဏအကြာ ဝင်လာတာက ထိုလူ။ သူ့ဘေးက ၃ ယောက်ကိုတော့ ရိပေါ်အထက်တန်းကတည်းက မြင်ဖူးနေပြီးသားဖြစ်တဲ့ ကျန်းချန်၊ ဟောက်ရွှမ်းနဲ့ ကျိရန်။ ရိပေါ် သူတို့နဲ့မပေါင်းပေမယ့် တစ်တန်းသားချင်းမို့ မေးထူးခေါ်ပြောတော့ရှိသည်။ ဟိုလူကတော့အသစ်ပဲ။ ဘယ်ကပြောင်းလာတာပါလိမ့်။ သေချာကြည့်တော့ ယုန်သွားနဲ့ ရယ်နေလိုက်တာ ပါးအချိုင့်လည်းရှိတာပဲ။ ဒီလူ ဘာလို့ကြည့်ကောင်းနေရတာလဲ။ သူများတွေပါ ဝိုင်းငေးနေကြကုန်ပြီ။ အတန်းထဲက ခပ်ကဲကဲကောင်မလေးတွေက တဝိုးဝိုး တဝါးဝါး။ ခပ်ငြိမ်ငြိမ်မိန်းကလေးတွေက ပြုံးတုံ့တုံ့နဲ့ ပေါ်တင်ရော ခိုးကြောင်ခိုးဝှက်ရော ကြည့်လို့။ ဘာလဲဟ . ယောက်ကျားလေးတစ်ချို့ကပါ ပါးစပ်ဟောင်းလောင်းဖြစ်သူနဲ့ ကျောက်ရုပ်ဖြစ်နေကြသူတွေနဲ့ ဒီလူက ကျားတွေကိုပါ ဂေးသွားစေတာလား။ ဒီအနေအထားကို ရိပေါ် မကြိုက်ချင်တော့ပါ။ ထုံးစံအတိုင်း စူပုပ် မျက်နှာလွှဲ လို့ ။

"စိတ်ရှုပ်ဖို့ကောင်း လိုက်တာ" စိတ်ထဲက ပြောမိတယ် ထင်တာ အသံထွက်သွားတာပဲ။ ဖန်ရှင်းက "ဟမ် ရိပေါ် ဘာလို့လဲ" ဆိုကာမှ အလိုမကျခြင်းများနဲ့ စားပွဲပေါ် မျက်နှာမှောက်ပစ်လိုက်တော့သည်။ မင်းက ဘာလဲ။ ငါက ဘာလို့  သူ့ကို တစ်ခြားသူတွေကြည့်တာကို သဘောမကျဖြစ်နေရတာလဲ။ ငါ သူ့ကို စိတ်ဝင်စားသွားတာလား... နေပါဦး ... ငါ ဒီလူ ကို ချစ်သွားတာများလား  ... ဟူးးးး

မှောက်အိပ်နေတဲ့ စူထော်လေးကို ကြည့်ရင်း "မင်းက ဘာလေးများလဲ" ရှောင်းကျန့် တွေးရင်းက ပြုံးလိုက်မိသည်။ student section သွားရင်း ဆုံခဲ့တဲ့ လုံးလုံးလေး။ သူ လှမ်းအကြည့်မှာ လှည့်ထွက်သွားခဲ့ပြီဖြစ်ပေမယ့် ချစ်ဖို့ကောင်းတဲ့ ဆွဲကိုက်ချင်စရာ ပါးဖောင်းလေးနဲ့ ကောင်လေးက သူ့နှလုံးသားထဲ အသိမပေးဘဲဝင်ရောက်နှင့်ခဲ့ပြီ။ community development major တွေရဲ့ စာသင်ခန်းထဲရောက်တော့ ပြန်တွေ့လိုက်ရတဲ့ စူပုပ်ကလေး။ သူ့ရင်ထဲတသိမ့်သိမ့်လှုပ်ခတ်သွားခဲ့ခြင်းက သေချာပေါက် မင်းလေးကြောင့်။ ကိုယ် သိပ်ချစ်သွားခဲ့ပြီ အချစ်ရယ်။ မင်း တာဝန်ယူမှဖြစ်မယ်။ ဒီရင်ခုန်သံပိုင်ရှင်က မင်းမို့။ မင်းတစ်ယောက်ထဲမို့။ မင်းမှဖြစ်မှာမို့ပါ ကိုယ့်အချစ် ထော်လန်လေးရေ....။ 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

737 words
Lay Nge Ko Ko
20200612

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Where stories live. Discover now