XZIM 10

11.6K 904 13
                                    

တကျွိကျွိမြည်နေတာ ငှက်ကလေးတွေရဲ့ အသံများလား.. ရိပေါ် ကြားတစ်ချက် မကြားတစ်ချက် ... သတိလွတ်စွာ ဘေးကို အသာစောင်းငဲ့မိတော့  စူးခနဲအောင့်မျက်သွားလိုက်တာများ... အောက်ပိုင်းတစ်ခုလုံး နာကျင် လို့။ အတွေးထဲဝင်လာတဲ့ ညက ပုံရိပ်တွေကြောင့် ရိပေါ်  ရှက်လွန်းလို့  ခါးစပ်ကစောင်ကို မျက်နှာအထိ ဆွဲခြုံလိုက်မိတော့သည်။

မောင် ဆိုတဲ့ လူဆိုးကောင်က ဘယ်မှာများလဲ။ ဘုရား. ငါ အခု ရှောင်းကျန့်ကို မောင် လို့ တွေးလိုက်မိတာလား။  ရှက် လိုက်တာ။ မောင် လို့ မခေါ်နိုင်ပါဘူး နော် .. ဟွန့် ..

အသံသဲ့သဲ့ကြားမိတာကြောင့် ရိပေါ် ဖြတ်ခနဲ ကြည့်မိတော့ ရှပ်အင်းကျီအဖြူကို လက်ကြယ်သီးတွေလည်း မတပ်ထားတဲ့အပြင်  ရင်ဘက်ဟပြဲ.... စတိုင်ပန် ဘောင်းဘီရှည်အမည်းရောင်နဲ့ ဆွဲဆောင်မှုရှိရှိအပြုံးတွေနဲ့ သူ့ဆီလှမ်းလျှောက်လာနေတဲ့ သူ့ရဲ့မောင်..။

၆ ပေကျော်အရပ်နဲ့  အဆီပိုမရှိ ကျစ်လျစ်ဖြောင့်စင်းတဲ့ ခန္ဓာကိုယ်။ ချပ်ရပ်နေတဲ့ ဗိုက်ပေါ်က six pack အရာတွေနဲ့  ယောက်ကျားပီသတဲ့ sexy ကျကျ ဗိုက်ပေါ်ကအမွှေးတွေ..။ ခြေတံရှည်တွေနဲ့ လိုက်ဖက်စွာ ခပ်ကျဲကျဲခြေလှမ်းများ...

ရိပေါ် ဘယ်လောက်အထိ အငေးလွန်နေတယ် မသိ။ သတိထားမိတော့ ရှောင်းကျန့်ကရိပေါ်ကို ထပ်လျက်အုပ်မိုး လို့ ။  ရိပေါ် ရှက်ပြီး မျက်နှာကို စောင်နဲ့ဆွဲကာဖို့ ပြင်တော့ ရှောင်းကျန့်က စောင်ကို ဆွဲကိုင်ထားသည်။ ခေါင်းအုံးကို လှမ်းဆွဲပြီး အုပ်မယ်ပြင်ပြန်တော့လည်း ရိပေါ်အတွေးကို သိနေသည့်အလား ခေါင်းအုံးကို ဆွဲဖယ်ပစ်ပြန်သည်။

"ရှောင်းကျန့်..." ရှက်ပေမယ့် ဟန်ကိုယ့်ဖို့ အော်ပစ်လိုက်တော့

"မောင် ဆို... ည ကတော့ တစ်ညလုံး မောင် ဆို ပြီးတော့"

မျက်ခုံးတစ် ချက်ပင့်လို့ မထီတရီအပြုံးနဲ့ ပြောနေပုံက ...

"အားးး... ရှောင်းကျန့်.... လူဆိုးကောင်"

"မောင် လို့ ခေါ်ခံရဖို့ ညကလို လုပ်ရမှာလား"

ရိပေါ် ငြိမ်သွားတာမှ မလှုပ်ရဲတော့။  ဟက်... ရှောင်းကျန့် ခပ်သဲ့သဲ့ပြုံးရင်း ရိပေါ်ကိုယ်ပေါ်က စောင်လေးကို ခါးအထိ ဆွဲခွါလိုက်တော့ သူ့အချစ်က လန့်သွားလိုက်တာများ။ ဒီလောက်ကလေးကို လန့်နေရင် ရှေ့ဘယ်လိုဆက်ရပါ့။ နို့နှစ်ရောင် ကိုယ်လုံးလေးက အခုတော့ သူ ဆေးခြယ်ထားသမျှ လှချင်တိုင်းလှလို့။ 

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Where stories live. Discover now