XZIM 12

10.6K 909 4
                                    


ရိပေါ် အတွေးတွေထဲ မျောနေရာကနေ ရှောင်းပါးပါးဆီ ဖုန်း ထဆက်လိုက်သည်။

"ဟဲလို ... ပါး"

"ဟဲလို ... သားငယ်လေး... မနက်က သားကျန့်နဲ့ လိုက်မသွားဘူးလား"

တကယ်တော့ မနက်က ရှောင်းကျန့်က လိုက်စေချင်ပေမယ့် ရိပေါ် ဆန္ဒမရှိတာကြောင့် လက်လျှော့သွားခြင်းပင်။ သူ မလိုက်ဖြစ်ပေမယ့် ရှောင်းကျန့်ကိုတော့ အစ အဆုံး သူ ပြင်ပေးလိုက်ပြီးမှ ပြန်အိပ်သည် ပေါ့။

"ဟုတ် ပါး... သား လည်း မနက်အစောဆိုတော့ မလိုက်ချင်လို့"

"ဟားးး... ဟုတ်ပါပြီကွာ။ အစော မထချင်ဘူးဆိုပါတော့"

"ပါးကလည်း"

အကြောင်းသိနေတဲ့ ပါးက စ နေတော့ ရိပေါ် ရှက်ကိုးရှက်ကန်း ရယ်ကျဲကျဲ။

"ပါးကို တစ်ခုခုပြောချင်နေလို့လား သားငယ်"

"ပါး.. သားကလေ ရှောင်းလုပ်ငန်းစုမှာ အလုပ် လုပ်ချင်လို့"

"ဟေ.."

ပါး အံ့ဩမယ်ဆိုလည်း မလွန်ပါ။ ရီပေါ် အလုပ်လုပ်ချင်ရင် ဝမ်မိသားစုပိုင်လုပ်ငန်း တွေမှာ လုပ်လို့ရနေသည်လေ။ လောလောဆယ်အနေအထားမှာလည်း အစ်ကိုကြီးက ဦးဆာင်နေပြီး မရီးရော၊ အစ်မတို့က သက်ဆိုင်ရာ ဌာနလုပ်ငန်းစုတွေမှာ ကိုယ်စီ run နေကြသည်။  ရိပေါ်ကတော့ ရှောင်းကျန့်နဲ့ရပြီးကတည်းက ကျောင်းတက်တုန်းကလည်း ကျောင်းမပြီးသေးလို့၊ ဘွဲ့ရပြီးတော့လည်း သူ့ကို ကလေးလိုထားသော ရှောင်းကျန့်ကြောင့် ခပ်တည်တည်နဲ့ ရှောင်းကျန့်လုပ်စာထိုင်စားနေလိုက်သည်။

ရိပေါ်က  စီမံခန့်ခွဲမှုသင်တန်းတွေ၊ software programming သင်တန်းတွေ ၊ language သင်တန်းတွေ အစုံအစီ လှည့်ပတ် တက်နေတော့သည်။ တစ်ခါတစ်ရံတော့ ယွီပင်း၊ ဖန်ရှင်း ကျန်းချန် ဟောက်ရွှမ်း ကျိရန် တို့တွေနဲ့ ချိန်း လို့ ဆုံဖြစ်ကြပေမယ့်လည်း အတော်ရှားရှားပင်။  သူတို့က အလုပ်ကိုယ်စီနဲ့ဆိုတော့  ခုဆို  လူချင်းမတွေ့ဖြစ်ဘဲ  လေလှိုင်းကသာ ဆက်သွယ်ဖြစ်ကြတာများသည်။ ကျန်းချန်ကတော့ "မင်းလို ရှာကျွေးမယ့် ယောက်ကျား ရှိတာမဟုတ်ဘူး။ ငါတို့က ကိုယ့်ဘဝကိုယ်ရုန်းရတာ" ဆိုတဲ့ အငေါ်တူးစကားပြောနေကျ။

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Where stories live. Discover now