XZIM 2 (Zawgyi)

5.5K 412 2
                                    

"ကျောင်းပိတ်ရက်ကျ လော့ရန်ကို သွားကြမလားဟင်"

"ဟင် အင်  ဘာလဲရိပေါ် ဘယ်သွားမယ်"

စိတ်တိုရပြန်ပြီ ရှောင်းကျန့်။ ဖုန်းနဲ့အလုပ်ရှုပ်နေပြီး ကျွန်တော်ပြောလိုက်တာကို သေချာကြားလိုက်ပုံမပေါ်။ ဘယ်မိန်းမတွေနဲ့ chat နေပြန်တာလဲ။ ငါ့ကိုထားသွားမလို့လား။ ဟင်းးး ရိပေါ် ရှောင်းကျန့်ကို သဝန်တိုလွန်း လို့ ဟိုမသွားရ၊ ဒီလူနဲ့မနေရ နဲ့ ချုပ်ချယ် လွန်း လို့ စိတ်ကုန်ချင်နေပြီလား။ သူ အနိုင်ကျင့်လွန်းသလိုဖြစ်နေတာကို သိသည်။ ဒါပေမယ့် ဒီအကျင့် ဝသီကို သူဘယ်တော့မှပြင်နိုင်လိမ့်မည်မဟုတ်။ အရင်ကတည်းက ငါ ဒီလိုပဲကို မင်း သိသိကြီးနဲ့ ချစ်ခဲ့တာမဟုတ်ဘူးလား။ ခုမှ စိတ်ကုန်ချင်နေလို့ မရဘူးရှောင်းကျန့်။ ဒါပေမယ့်... ။ ရိပေါ်အတွက် မသေချာခြင်းများ။ ကြာရင်တော့ အနိုင်ယူလွန်းလို့ ရှောင်းကျန့် က အသက်ရှူကြပ်တယ်ဆိုပြီး  ထားသွားခဲ့ရင်... ဒီအခြေအနေကို သူ ကြိုတင် ပြင်ဆင်ထားပြီးသားပင်။

"အခု လာမယ့် စနေမှာ လော့ရန်က ငါ့အဖိုးနဲ့အဖွားဆီသွားကြမယ်"

အစပိုင်း တောင်းဆိုသလို ကောင်းကောင်းမေးနေတာ ဖုန်းနဲ့အလုပ်ရှုပ်ပြီး သူ့စကားမကြားတာကို အလိုမကျရာက အမိန့်ဆန်သွားတော့သည်။ မတတ်နိုင်ဘူး ရှောင်းကျန့်။ မင်းအပြစ်နဲ့မင်းပဲ။ ငါ့ကို ဘေးနားထားပြီး လျစ်လျူရှုချင်ဦး။

"အင်းး "

ရှောင်းကျန့်ရဲ့ အဖြေအဆုံး ရိပေါ် ကျောခိုင်းအိပ်ပစ်လိုက်တော့သည်။ အိပ်မရတာက ကလောင် ကလောင် အသံတွေကြောင့်။ ငါ စိတ်မတိုဘူး။ ဂရုမစိုက်နဲ့ ရိပေါ်။ typing သံတွေ. ဘာစာတွေ ဒီလောက်ပို့နေရတာလဲ။

"ရှောင်းကျန့် . .." ခပ်စူးစူး လှည့်အော်သံအဆုံး လန့်သွားတဲ့ ရှောင်းကျန့်ရဲ့ မျက်နှာ။ ဘာတွေမဟုတ်တာလုပ်နေလို့ ဒီလို လန့်သွားရတာလဲ။

"နားညီးတယ် ရှောင်းကျန့်။ ငါ အိပ်ချင်နေပြီလေ။ မင်း မအိပ်သေးဘဲ ကျူချင်သေးရင် အပြင်ထွက်"

"ရိပေါ်.. "

ရှောင်းကျန့်လေသံ အနည်းငယ် မာသွားသည်။ စူထော်ပြီး မျက်မှောင်အစုံတွန့်ချိုးထားတဲ့ အူပုပ်ကလေးကို သူ ဘယ်လိုမှ ကြာကြာ မမာကြောနိုင်ပါ။ သူက သိပ်ချစ်ရသူကိုး။ သက်ပြင်းတစ်ချက် ခပ်ဖွဖွချရင်း 

"ကိုယ် project အဖွဲ့နဲ့ ပြောနေတာပါကွာ။ mail နဲ့ပို့ထားတဲ့ attached file တွေ ဖွင့်မရဘူးဆိုလို့ ကိုယ် နောက်တစ်ခေါက် ထပ်ပြန်ပို့နေတာပါ။ သူတို့ မရှင်းတာတွေမေးနေလို့လည်း နည်းနည်း ပြန်ရှင်းပြနေတာ။ ဆောရီး ရိပေါ် အနှောင့်အယှက်ဖြစ်သွားရင်။ ကိုယ် ရပ်လိုက်ပြီနော်။ အိပ်ကြစို့။"

ဖုန်းပါ silent လုပ်လိုက်ပြီး ရိပေါ်ကို ရင်ခွင်ထဲ သိမ်းကျုံးဆွဲပွေ့လိုက်သည်။ ရွှေအိုရောင်ဆံနွယ်လေးတွေထဲ နှာခေါင်းကိုနစ်မြှုပ်ရင်း

"ချစ်တယ် ရိပေါ်.  အချစ်ရယ် ကိုယ်က မင်းတစ်ယောက်တည်းအတွက်ပါ"

ရင်ခွင်ကျယ်ထဲတိုးဝင်ရင်း ခါးကို ပြန်ဖက်ထားရင်း စူထော်နေရာက ကျိတ်ပြုံးလိုက်တော့သည်။ ငါ့အပြုံးတွေက မင်းနဲ့မှ မင်းကြောင့်သာ။ ဒါတွေ မင်းမသိသလို ဘယ်တော့မှလည်း ငါက ထုတ်ပြောမှာမဟုတ်ဘူး ရှောင်းကျန့်။ ချစ်ရပါသော ငါ့ရဲ့ရှောင်းကျန့်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

577 words
Lay Nge Ko Ko
20200611

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Where stories live. Discover now