XZIM 9

12K 915 28
                                    

လော့ရန် ရောက်ပြီးမှ ရိပေါ်က အနည်းငယ် ထူးခြားနေသလို။

သူဖြစ်ချင်ခဲ့တဲ့ အရုဏ်ဦးအလှရော ဆည်းဆာအလှရောကို သူချစ်ရသူလေးကို ရင်ခွင်ထဲထည့် လို့ တမွမွ မွှေးကြူရင်း ခံစားခွင့်ရခဲ့သည်။ ရှက်နေတဲ့ ချစ်စရာ အလုံးလေးက ငုံထားချင်စရာ။

ကိုယ် သိပ်ချစ်ရပါတယ် အချစ်ရယ်......

—————————————————————————-
Warning...

"ရိပေါ်  အဝတ်အစားလဲလေ"

ကုတင်ပေါ်မှာ ဒူးအထက် bathrobe လေးနဲ့ ခြေတွဲလောင်းချ လို့ ငုတ်တုပ်ထိုင်နေတဲ့ ဂွမ်းလုံးလေး။ ရေချိုးပြီးခါစ နှာထိပ်လုံးလေး တွေ ပါးကစ်ကစ်လေးတွေက နီနီရဲ လို့။ ကိုယ့် သမာဓိကို လာစမ်းနေတာလား အချစ်ရေ... ခက် ခက်ရချည်ရဲ့ကွာ ....

နံဘေးရောက်လာတဲ့ ရှောင်းကျန့်ကို ရိပေါ် က လှမ်းဆွဲပြီး ကုတင်ပေါ် တွန်းလှဲချ လို့ အပေါ်ကနေ အုပ်မိုး ကြည့်လိုက်သည်။ ရိပေါ် ရှက်ပေမယ့် လို့  အိမ်ထောင်သက် ၃ နှစ်အကြာမှာ ရှောင်းကျန့်အတွက် သူ ဆုံးဖြတ်ထားပြီးသား ကိစ္စ ဖြစ်တာကြောင့် ရှေ့မျက်နှာ နောက်ထား လို့....

" ရှောင်းကျန့်... ငါ မင်းကို လက်ဆောင်ပေးစရာ ရှိတယ် လို့ ပြောတယ်နော်။ အခု မင်း ငါ့ကို အပိုင် သိမ်းတော့။ ငါ မင်းကိုပေးတယ်"

"ဘယ် ... ဘယ် လို ... ရိ.... ရိ  ပေါ်....  အ ချစ်"

ရိပေါ် ရှက်ပါတယ် ဆိုမှ  ရှောင်းကျန့်က တုံး လို့ မပြီးတော့ပေ။  မျက်လုံး ပြူးပြီး .. အ ထစ် အ ထစ် လုပ်နေပြန်ပါပြီ။ 

"ရှောင်းကျန့်.... ငါ... စိတ်မပြောင်းခင်"

ငါ ရှက်လို့ပါ ရှောင်းကျန့်ရဲ့ .....

သူ့ပေါ်ကနေမိုးပြီး ... သူ့ကိုယ်သူ လက်ဆောင်ပါ ဆိုပြီး .. သိမ်းပိုက်ဖို့ ပြောနေတဲ့ အရဲလုံးလေးကို ကြည့်ပြီး ရှောင်းကျန့်  တဒင်္ဂ မင်သက်မိသွားသည်။ ထို့နောက်မှာတော့ နှုတ်ခမ်းကို တွန့်လို့ အသာပြုံးရင်း ရိပေါ်ကို ဆွဲလှဲလို့ သူ့အောက်ပို့ပစ်လိုက်တော့သည်။ ဖရိုဖရဲဖြစ်သွားတဲ့ bathrobe လေးကြောင့် ပခုံးသား ဝင်းဝင်းလေးတွေ ... အနီရောင် ချယ်ရီသီးလေးတွေ... ဝင်းအိ ညံ့စက်နေတဲ့ အလှတရားတွေ တစွန်းတစပေါ်ထွက်လာတော့ ရှောင်းကျန့်တစ်ကိုယ်လုံး ရှိန်းတိန်း ဖိန်းတိန်း ဖြစ်လာတာများ  ထိန်းမရ သိမ်းမရ။  မျက်လုံးလေးတွေ ဝိုင်းစက်လို့  သူ့ကို ကြည့်နေပုံလေးက ဆွဲမွပစ်ချင်စရာ။ အခုမှ ကြောက်နေလို့ နောက်ကျသွားပြီ အချစ်။

Xiao Zhan is Mine (ရှောင်းကျန့်ကငါ့အပိုင်) (Completed)Where stories live. Discover now