( Part - 1 )

20.7K 501 8
                                    

( U&Z )

( ဤဇာတ်​လမ်းထဲမှ နိုင်​ငံ၊​နေရာ၊ University တို့သည်​ စာရေးသူ၏ စိတ်​ကူးယဉ်​ဖန်​တီးထား​သော တည်​ရှိမှုများ သက်​သက်​သာ ဖြစ်​ပါသည်​။
ဇာတ်လမ်းထဲမှ​University Of Arts သည်​နိုင်​ငံတကာရှိ အနုပညာတက္ကသိုလ်​များကို အ​ခြေခံ၍​ဖော်​ပြထားပါ၏။)

****   *****   *****   *****   *****

" ဆုံဆည်းခြင်း နိဒါန်း ... "
_________________

​နေရာက နိုင်​ငံ၏ အဓိကမြို့​တော်​မှာဖြစ်​သည်​။
မြို့​တော်၏ အဓိက မိန်းကားလမ်းမကြီးပေါ်တွင် မနက်ခင်းကြုံနေကျအတိုင်း ကားလမ်း​တွေ ပိတ်နေလေ၏။
ဒီအချိန်​က လူ​တိုင်းကိုယ်​စီကိုယ်​ငှ တာဝန်​ကိုယ်စီ​ထမ်း​ဆောင်​ဖို့အတွက်​သွားလာ​နေကြခြင်းဖြစ်​သည်​။
တချို့ကလည်း ပညာသင်ကြားဖို့အတွက်တချို့ကျတော့လည်း ဝမ်းရေးအတွက် ငွေရမည့် အလုပ်အကိုင်တွေ အတွက်ပေါ့ ...။

တန်းစီ၍ ရပ်လိုက် သွားလိုက် ဖြစ်နေသည်က ကား​တွေတင်​မဟုတ်​ပဲ ဆိုင်​ကယ်​တွေလည်း ပါ၏​။
ထိုအထဲတွင်​မှ တန်ဖိုးမြင့်​ အနက်ရောင်ဆိုင်ကယ်ကြီးတစ်စီးပေါ်က ယောကျာင်္းတစ်ယောက်သည် ကားလမ်းတွေပိတ်နေသည့် ရှေ့မြင်ကွင်းကို တစ်​ချက်​လှမ်းကြည့်လိုက်​ပြီး​နောက်​...။

"ဘာလဲကွာ လမ်းပိတ်​မှာစိုးလို့​ စောထွက်လာလည်း လာငြိနေတာပဲဲ ကျွတ်စ်​... "

စိတ်​မရှည်​စွာ ညည်းလိုက်ပြီး စုတ်​တစ်​ချက်​သပ်လိုက်၏။
ပြီး​နောက်​ လမ်းသွယ်တွေရှိသည့် ဘက်သို့ကွေ့ဝိုက်၍ ဖောက်ထွက်လိုက်သည်။
လမ်းသွယ်​ဆိုတာက ရပ်​ကွက်​လမ်း​တော့ မဟုတ်​ပေမယ့်​ မိန်းလမ်းမကြီးကို ဆက်​ထားသည့်​ ကားလမ်းတွေဖြစ်သည်။
ထိုဆိုင်ကယ်စီးသမားသည်​ သူသွားရမည့်နေရာကို ရောက်ဖို့အတွက် ဖြတ်လမ်းကိုသုံးလိုက်ခြင်းဖြစ်၏။

သို့​ပေမယ့် သူ့လိုပင် ထိုလမ်းသွယ်အား သုံးပြီးထွက်​မည့်​ အခြားကားတစ်စီးနှင့် မထင်မှတ်ပဲ ငြိမိတော့မလို ဖြစ်​သွားရ၏။
စိတ်​လောကြီး​နေတာမို့ ထိုကားကိုမြင်​သည်​နှင့်​ ခပ်မြန်မြန် ရှောင်လိုက်နိုင်ပေမယ့်လည်း အခြားမျက်​နှာချင်းဆိုင်​ ယာဉ်ကြောမှ လာ​နေသည့်​ ကားတစ်စီးကိုတော့ သူ,မ​ရှောင်​လိုက်​နိုင်​တော့​ပေ။

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now