( Part - 8 )

3.4K 229 3
                                    

( U&Z )

"ထိုအပြုံး​လေး​တွေကို အမြင်​ကတ်​ရသလို ... ထိုအပြုံးလေးတွေကိုပဲ ရင်ခုန်မိခဲ့တယ်... "
___________________________

ရိုက်​ကွင်းက ကျောင်းဝင်းထဲမှာ တည်ထားတာဖြစ်သည်။ ရိုက်​နေသည့်​ scene ကတော့ သည်​နေ့သစ်​နဲ့ အခြားဇာတ်​ရံသရုပ်​ဆောင်​တစ်​ယောက်​တို့ စကား​ပြော​နေကြသည့်​ အခန်းဖြစ်၏။

"ငါတို့ဟာ လူငယ်​တွေပါ ငါတို့မှာ အနာဂတ်အတွက် အိမ်မက်တွေရှိတယ်...
အဲ့ဒီ့အိမ်​မက်​တွေ အမှန်​တကယ်​ဖြစ်​လာဖို့က​တော့ ငါတို့ရဲ့ ကြိုးစားမှုပေါ်မှာပဲ မူတည်​နေတယ်​... "

"တစ်​ခါတစ်​ရံမှာ ဘဝဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်​လာခွင့်​ ရတာမျိုးမှ မဟုတ်တာ ...
ကြိုးစား​ပေမယ့်​လည်း အခက်အခဲဆိုတာ ရင်ဆိုင်ကြုံတွေ့ရမြဲပဲဲ ...
ခက်​ခဲလွန်းချိန်​တိုင်းမှာလည်း ခြေကုန်လက်ပန်း ကျသွားနိုင်တာပဲလေ ... "

"ယုံကြည်​ချက်​အပြည့်​ ဇွဲ လုံ့လ ဝီရိယအပြည့်နဲ့ ဆက်​ကြိုးစား​ နေခဲ့မယ်ဆိုရင်တော့ လဲကျသွားလည်း ပြန်ထလာနိုင်မှာပါကွာ ... "

စကား​ပြောပြီးသည့်အခါမှာ သရုပ်​ဆောင်​နှစ်​ယောက်​က​ ကျောင်းတော်ကြီးကို လှမ်း​ငေးကြည့်​နေကြ၏။ ထိုအချိန်​မှာပင် ဒါရိုက်တာဆီမှ အသံထွက်​လာခဲ့သည်​။

"Cut ... အို​ခေ ... ရပြီ ... "

ဒါရိုက်​တာဆီက​နေ အသံကြားလိုက်​တာနှင့်​ ရိုက်ကူးရေး လုပ်နေကြစဉ် ငြိမ်သက်နေကြသည့်သူတွေ လှုပ်​လှုပ်​ရှားရှားဖြစ်​သွားရသည်​။

"နှစ်​ယောက်​လုံး ပင်​ပန်းသွားကြပြီ အရမ်း​ကောင်းတယ်​ တော်တယ်... "

သည်​နေ့သစ်​နဲ့ အရံသရုပ်​ဆောင်​ကို စီနီယာဒါရိုက်​တာက ချီးကျူးစကား အား​ပေးစကား​ ပြောလိုက်ပြီးနောက် လက်ထောက်ဒါရိုက်တာကို ရှုတင်​ခဏနားဖို့​ ပြောလိုက်လေ၏။

"ရှုတင်​ခဏ နားကြရအောင် ရန်လေး ပြီးရင် နောက် scene အတွက် ပြင်ထားလိုက်နော်... "

"ဟုတ်​ကဲ့ စီနီယာ ... ကဲ ကဲ ရှုတင်​ ခဏနားကြမယ် အားလုံးပဲ ... "

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now