( Part - 14 )

3.6K 232 3
                                    

( U&Z )

"အရမ်းချစ်​လို့ လိမ်​ညာမိတာကလည်း အပြစ်တစ်ခုပါပဲ ... "
___________________________

"​ဆောင်းည မ​နေ့က နင်နဲ့ နေ့သစ် ပြဿနာတက်သေးလား ... "

မ​နေ့က ကိုမှူးနဲ့​ဆောင်းည သွား​တွေ့သည့်​ကိစ္စကို​နေ့သစ်​အား​ပြောပြခဲ့မိသည့်​အတွက်​အေသင်​နဲ့ဇွဲမာန်​တို့ သူမကိုအားနာ​နေမိကြ၏။
ထို​ကြောင့်​သူငယ်​ချင်း​တွေ​ကျောင်းမှာဆုံဖြစ်​ကြ​တော့ မ​နေ့ကကိစ္စအတွက်​မေးမိကြ​လေသည်​။

"မတက်​ပါဘူး ... "

"​တော်​သေးတာ​ပေါ့ ငါတို့က နင်​တို့နှစ်​ယောက်​ပြသနာဖြစ်​ရင် ငါတို့​ကြောင့်​ဆိုပြီး​တော့ အားနာ​နေတာ ... "

"ငါ့​ပြောစမ်းပါဦး နင်​တို့က ငါ့သူငယ်​ချင်း​တွေလား​နေ့သစ်​သူငယ်​ချင်း​တွေလား ...
ဟိုတစ်​ယောက်​က​လှမ်း​မေးလိုက်​တာနဲ့အကုန်လုံး​တစ်​ခုမကျန်​သတင်း​ပေး​နေကြတယ်ဆို​တော့​... "

​ဆောင်းညက စိတ်​ဆိုးလို့​မေးတာမျိုး​တော့မဟုတ်​ပါ။
သူမသူငယ်​ချင်း​တွေက​နေ့သစ်​ဘက်​ပါ​နေကြလို့​မေးခွန်းထုတ်​လိုက်​တာမျိုး ...။

"အဲ့ဒီ့ထဲမှာ ငါမပါဘူး​နော်​...
သူတို့နှစ်​ယောက်​ပဲ​နေ့သစ်​ကို​သတင်း​ပေး​တာ ... "

Krisက သူ,မပါတဲ့အ​ကြောင်း ဝင်​ပြော၏။
ထိုအခါ​အေသင်​နဲ့ ဇွဲမာန်​က Krisကို ဘုကြည့်​လှမ်းကြည့်​ကြရင်းနဲ့ ...။

"ငါတို့က​နေ့သစ်​ကို သတင်း​ပေးတာမဟုတ်​ပါဘူး ...
မ​တော်​တဆ ပါးစပ်​က​နေလွှတ်​ခနဲ​ပြောမိသွားတာ ...
သိတဲ့အတိုင်းပဲ​နေ့သစ်​ဆိုတဲ့​နင့်​ချစ်​သူက လူလည်​လေ လည်​လိုက်​တာမှ​ပြောမ​နေနဲ့​တော့ ...
ဘာ​ပြောရင်​ဘာကိုဆိုလိုမှန်း တန်းခနဲကိုသိတာပဲ ငါတို့လည်း လှည့်ပတ်လိမ်လို့မရတော့တဲ့ အဆုံးကျမှ ပြောပြလိုက်တာ ... "

"ဟုတ်​တယ်​... "

​အေသင်​ကရှင်းပြပြီး ဇွဲမာန်​က​ထောက်​ခံ၏။
နှစ်​ယောက်​သား သူတို့မှာအပြစ်​မရှိ​ကြောင်း အတိုင်​အ​ဖောက်​ညီညီ​ပြော​နေကြ​လေသည်​။

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now