( Part - 2 )

5.5K 314 3
                                    

( U&Z )

"ဥပက္ခာပြုခံရခြင်း၏​နောက်​ဆက်​တွဲ ... "
__________________________

​ကျောင်းထဲက ကန်တင်းရှိ ကော်ဖီဆိုင်တွင် Kris ၊ ဇွဲမာန်​၊ ဆောင်းညတို့ သုံး​ယောက်​သား ဟိုဟိုဒီဒီ စကားပြောရင်းနဲ့ အေသင်ကို စောင့်နေမိကြ၏။

"Kris မင်း​အေသင်​ကို ဖုန်းဆက်​ထား​တယ်​မှတ်​လား ... "
ဇွဲမာန်​က မေးလိုက်သည်။

"အင်း​လေ ဆက်​ထားတယ်​... "

"ဘာလို့ သူကြာ​နေတာလဲ မသိဘူး သူတို့ဌာနနဲ့ ဒီကန်​တင်းနဲ့ ဘယ်​လောက်​မှလည်း ဝေးတာ မဟုတ်ပဲနဲ့ ... "

ဇွဲမာန်​က စိတ်​မရှည်​စွာ ပြောလိုက်ရင်းဖြင့်ကော်ဖီဆိုင် အဝင်ဝကို လှည့်​ကြည့်​လိုက်​သေး၏။ အေသင့်ရဲ့ အရိပ်အယောင်ကို မမြင်တော့မှ ပြန်လှည့်ပြီး သူ့​ကော်​ဖီကို သောက်​နေသည်​။

"ဟိုမှာ လာနေပြီ မယ်​စပ်​စု ... "

Krisက ဆိုင်​အဝင်​ဝနဲ့ မျက်နှာချင်းဆိုင် ဖြစ်နေတာမို့ အေသင်ကို လှမ်းမြင်လိုက်တာနှင့် ပြောလိုက်သည်။ ဆောင်းညနဲ့ ဇွဲမာန်လည်း ဆိုင်အဝင်ဝကို အကြည့်​ရောက်​သွားကြသည်​။
​အေသင်​က ခပ်​သွက်​သွက်​ ခြေလှမ်းတွေနှင့် ဆိုင်ထဲ ဝင်လာခဲ့ပြီး ဆိုင်ထဲသို့​ ဟိုဟိုဒီဒီ တစ်ချက် ဝေ့ဝဲရှာလိုက်ပြီးေနာက် ဆောင်းညတို့ကို မြင်​သွား​လေသည်​။
သူငယ်​ချင်း​တွေရှိရာ ဝိုင်းသို့ အေသင်ကရောက်လာခဲ့ကာ သူမ​ ကျောပိုးအိတ်လေးကို ဘုတ်​ခနဲပစ်​ချ၍ ထိုင်​ခုံမှာ ဝင်ထိုင်လိုက်၏။

"နင်​လည်း လာသေးတယ်နော် ... "

"​အေး​လေ ကြာပါ့ ဘာလုပ်​နေလို့လဲ ဒီ​လောက်​ကြာ​နေတာ ... "

"နင်​ဘာစားမှာလဲ ... "

​အေသင်​ ရောက်လာတာနှင့် သုံးယောက်သား တစ်​ယောက်​တစ်​ခွန်း​ ပြောနေကြတော့သည်။

"အမ​လေး ငါ့ကို အ​မော​လေး​တော့​ ဖြေခွင့်ပေးကြပါဦး ... လမ်းမှာ ငါသတင်းလိုက်​ခဲ့ရလို့ နင်​တို့နဲ့ ချိန်းထားတာ နောက်ကျနေပြီဆိုပြီးတော့ အသဲအသန် ပြေးလာခဲ့ရတာ ... "

"ဘာ ... နင်​က စပ်စုနေတာပေါ့လေ လမ်းမှာ ... ငါတို့က​တော့ ဒီမှာ​ စောင့်နေလိုက်ရတာဟာ ... "

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now