( Part - 6 )

3.8K 244 0
                                    

( U&Z )

"​ရှေ့ဆက်​တိုးမလား​ နောက်ဆုတ်မလား..."
___________________________

​လူ​တွေဟာ တစ်​စုံတစ်​ယောက်​ကို ပိုပြီးတွယ်​တာလာ​လေ အချိန်​တိုင်း​ မြင်တွေ့ချင်နေမိလေပါပဲ ...။
မ​တွေ့ရ​လေ ပို​တွေ့ချင်​လေ ... မမြင်ရလေလေ ပိုပြီး မြင်ချင်လေပါပဲ ...။
သူမ လာမယ့်​ လမ်းမှာ မျှော်လင့်ချက်တွေနဲ့ စောင့်နေရတတ်သလို ... သူမ ရှရှိမယ့်နေရာတွေကိုလည်း မရေမတွက်နိုင်သောခြေလှမ်းများနဲ့ သွားခဲ့မိ​လေရဲ့ ...။

တကယ်​တော့ ဒါ​တွေဟာ စွဲလမ်းတပ်မက်ခြင်းရဲ့​ စိတ်ဆန္ဒ တစ်ခုလို့ ဆိုရမှာပါ ...။
ခင်​မင်​ခြင်း စိတ်​ဝင်​စားခြင်းဆိုတဲ့ ခံစားချက်​တွေထက် ပိုလာခဲ့သော ချစ်​ခြင်းဆီကို အစပျိုး​နေသည့် စွဲလမ်းတပ်မက်ခြင်းမျိုးပါ ...။
ဟုတ်ပါတယ်။ သည်နေ့သစ်ဆိုတဲ့ သူက ဆောင်းညဆိုတဲ့ သူမကို စွဲလမ်း​နေမိပါပြီ။
သူနဲ့ သူမရဲ့ ဆက်ဆံရေးက ဟိုအရင်​တွေ့စကလို ပုံစံမျိုး ပြန်ဖြစ်သွားခဲ့၏။
ဒါကို သည်​နေ့သစ်​ ရိပ်မိပါသည်။

အကြိုပါတီပြီး​တဲ့ နောက်​နေ့​တွေက စလို့ဆောင်းည သူ့ကို ရှောင်ဖယ်နေခဲ့ပါသည်။
ရုပ်ရှင်​ရိုက်​ကူး​ရေး​တွေ စတင်ခဲ့တာ တစ်​ပတ်​လောက်​ပင်​ ရှိနေခဲ့ပါပြီ။
​တခြားအချိန်တွေမှာ မ​တွေ့ရနိုင်​ပေမယ့်​ရိုက်​ကူး​ရေး ရှိတဲ့နေ့တွေ ဆိုရင်တော့ဆောင်းညကို သူမြင်​ရနိုင်​၏။ သို့ပေမယ့် မျက်နှာချင်းဆိုင် တွေ့ရဖို့ကတော့ သိပ်​မရှိလှ​ပေ။

သည်​နေ့သစ်​ကလည်း main role မို့ ရိုက်​ကူး​ရေးစတာနဲ့ သူရိုက်​ရမယ့်​ အခန်းတွေက များ​နေခဲ့သည်​။
​ဆောင်းညတို့ ဇာတ်​ညွှန်းအဖွဲ့ကလည်း ဇာတ်ညွှန်းပိုင်းကို ညွှန်ပြပေးတာနှင့် ရိုက်ကူးရေးအတွက်  အထွေထွေ လိုအပ်​တာ​လေး​တွေကို ကူညီ​ပြီး လိုက်လုပ်ပေးကြသည်။
ကိုယ်စီ​ အလုပ်တွေ ရှုပ်နေကြတာမို့ ရိုက်​ကွင်းမှာ တစ်​ယောက်​နဲ့ တစ်ယောက် မြင်နေလျက်နဲ့တောင် မျက်နှာချင်းဆိုင်စကားပြောရဖို့က ခက်​ခဲ​နေခဲ့၏။

ခပ်​လှမ်းလှမ်းက​နေ ကိုယ့်​အလုပ်​ ကိုယ်လုပ်နေရင်းနဲ့ သူမမျက်​နှာ​လေး လှမ်းလှမ်း ငေးကြည့်နေရတာကလည်း သူ့အတွက် အလုပ်တစ်ခုလိုပါပဲ ...။
​ဆောင်းည ဘာလို့ ရုတ်တရက် သူ့အပေါ်မှာ အေးစက်သွားရတာလဲ ဆိုတာကို သူနားမလည်​နိုင်​ ဖြစ်နေရ၏။
သူမ,မကြိုက်တာ​ ငါဘာအပြစ် လုပ်လိုက်မိသလဲ ...။ အကြိုပါတီပွဲနေ့က သူမကို စိတ်​ညစ်​အောင် လုပ်ခဲ့တာကြောင့်လား...။
ကိုယ့်​ကိုယ်ကိုယ်​ ပြန်မေး ပြန်​တွေးနဲ့ တစ်​နေ့ တစ်နေ့ ဆောင်းည အကြောင်းကိုပဲ တွေးနေမိတာက သူ့အတွက်​ 24နာရီ ပြီးရင်​နောက်​ထပ်​ 24နာရီတိုင်းပါပဲ ...။

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now