( Part - 5 )

4.5K 277 3
                                    

( U&Z )

"ပို၍သာ အ​နေနီးချင်​မိတယ်​... "
_____________________

​မ​ပြေလည်​ခဲ့တဲ့ ဆက်​ဆံ​ရေး​တွေ အားလုံး  ရပ်တန့်​သွားခဲ့ပြီး​နောက်​ သည်နေ့သစ် တစ်ယောက် ဆောင်းည အနားသို့ မကြာခဏ ဆိုသလို အကြောင်းအမျိုးမျိုးနှင့် ရောက်ရောက်လာခဲ့လေသည်။
​ဆောင်းည ရှိနေသည့် နေရာတိုင်းလိုလိုမှာ  သည်​နေ့သစ်​ကို အမြဲတွေ့လာ ရတတ်၏။
​ထိုသို့ အတွဲလိုက် မြင်ရပါများလာသည့်နောက်တွင် ကျောင်းသားတွေကြားမှာ အထင်အမြင် နှစ်ခုပြောစရာတွေဖြစ်လာခဲ့သည်။

တစ်​ခုက သည်​နေ့သစ်​သည်​ ဆောင်းညကို သူငယ်​ချင်းအဖြစ်​ အလွန်အမင်း ခင်တွယ်နေခြင်း ...။ နောက်တစ်ခုကတော့ သည်​နေ့သစ်​သည်​ ဆောင်းညကို တ​ကောက်​ကောက်​ လိုက်၍ ပိုးပန်း​နေခြင်း ...။
နှစ်ခုထဲက တိတိကျကျ တ​စ်ခုကိုေ​တာ့ ဘယ်​သူမှ​ ရေရေရာရာ မ​ပြောနိုင်​ကြ​သေး​ပေမယ့်​ ထိုအကြောင်းအရာ နှစ်ခုလုံးကတော့ ထင်​ကြေး​ပေး အပြောများဆုံးဖြစ်နေခဲ့၏။
​ဆောင်းညရဲ့ သူငယ်ချင်း သုံးယောက်မှာလည်း ထိုကိစ္စအတွက်​နဲ့ အမြင်​မတူတာ​တွေ ရှိလာခဲ့ကြသည်​။
​အေသင်​နဲ့ ဇွဲမာန်​က​တော့ ...။

"သည်​နေ့သစ်​က နင့်​ကို ခင်လွန်းလို့ လိုက်​ကပ်​နေတာပဲဖြစ်​ဖြစ်​ ကြိတ်ကြိုက်နေလို့  နင့်​အ​နောက်​ လျောက်လိုက်နေတာပဲဖြစ်ဖြစ် ... ဘာပဲဖြစ်ဖြစ် ငါတို့က လက်ခံနိုင်တယ်တယ်...
သည်​နေ့သစ်​လိုလူနဲ့ သူငယ်​ချင်းပဲဖြစ်​ဖြစ် ချစ်သူပဲဖြစ်ဖြစ် ပက်သက်ခွင့်ရတာ ဘာမှစိတ်​ပျက်​စရာ မရှိဘူးလေ မဟုတ်​ဘူးလား ... "

Kris ကတော့ ထိုကိစ္စနဲ့ ပက်သက်ပြီးဆောင်းညကို သတိ​ပေးလာခဲ့၏။

"သည်​နေ့သစ်​က ခင်​လွန်းလို့ ရိုးရိုးသားသား လိုက်ကပ်နေတာဆိုရင် အကြောင်းမဟုတ်ဘူးပေါ့ဟာ ...
​အေး .. အဲ့လိုမှ မဟုတ်ပဲနဲ့ နင့်​ကို မရိုးမသားစိတ်နဲ့ လိုက်ကပ်နေတာဆိုရင် နင့်ကိုယ်နင် အရင်ဆုံး ပြန်မေးကြည့် ... ငါဒီလူ့ကို ပြန်​ချစ်​နိုင်​ပါ့မလားဆိုတာ ...
အစထဲက ပြန်ချစ်ဖို့ စိတ်​ကူးမရှိဘူး ဆိုရင်သူနဲ့နင် ဝေးဝေးနေဖို့ ငါနင့်​ကို သတိပေးချင်တယ် ဆောင်းည ...
နင်​အရင်​တုန်းက ကိစ္စ​တွေကို မှတ်​မိ​နေမှာပါ ... ရှိုင်းနဲ့ နင်​ဘယ်​လို ဆက်ဆံရေးကနေ ပြောင်းလဲ သွားလဲဆိုတာ ...
ငါက အရင်​က ကိစ္စတွေကို အစ​ဖော်​ပြီး​တော့ နင့်​ကို စိတ်ညစ်အောင် ပြောနေတာမဟုတ်ဘူးနော် ဆောင်းည ...
နင့်​ကို​ နောက်ထပ်တစ်ခါ ဒီလိုကိစ္စ​တွေနဲ့ စိတ်​မညစ်​စေချင်​လို့​ ပြောနေတာ ... "

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now