( Part - 3 )

4.9K 297 8
                                    

( U&Z )

"​တွေ့ဆုံနိုင်​ဖို့ ကြိုးစားမိသည့်​နေ့ရက်​များ ... "
__________________________

(Day - 1)

ည​နေမှ အတန်းတက်ဖို့ ရှိတာမို့ သည်​နေ့သစ်​ကျောင်းကို ည​နေ​လောက်​မှ လာခဲ့၏။
သူ့ကားကို​ ကျောင်းထဲက ကားပါကင်မှာထားခဲ့ကာ ပြဇာတ်ဌာနဘက်သို့ လျောက်လာခဲ့လေသည်။
လမ်းတစ်​လျောက်​တွင် သူနဲ့ သိသမျှ သူတွေကို ပြုံးပြ နှုတ်ဆက် စကားပြောရင်းနှင့် လာခဲ့တာပဲ ဖြစ်သည်။
ထိုအချိန်တွင်​ သူ့အရှေ့ ခပ်လှမ်းလှမ်းကနေ လမ်း​လျောက်​နေသည့်​ ပုံရိပ်လေးကို သူသတိထားမိသွား၏။

ပုခုံး​ကျော်​ကျော် အညိုရင့်ေရာင် ဆံနွယ်တို့ကို ခပ်​မြင့်​မြင့်​ စုစည်းထားပြီး ရေညှိစိမ်းရောင် ကျောပိုးအိတ်လေးနဲ့ မိန်းခ​လေး ...။ ထိုပုံရိပ်လေးကို အနောက်ကနေ​လှမ်းမြင်လိုက်ရုံနဲ့ ဆောင်းညဆိုတာကို  သည်​နေ့သစ် တပ်အပ်သိနေ၏။

​ဆောင်းညကို မှတ်​မိ​နေတာလား ...။ ထိုပုံရိပ်လေးကို မှတ်​မိ​နေတာလား ...။
ဒါမှမဟုတ်​ ထိုပုံရိပ်လေးနဲ့ ဆောင်းညကို တွဲပြီး မှတ်မိနေတာလား ...။
​သေချာတာက​တော့ သူ့​အတွက်​ ဆောင်းညသည် အမှတ်တရ ရှိနေစေမိသော ...။

"​ဆောင်းည ... "

သူ လှမ်းခေါ်လိုက်တော့ ဆောင်းညက လှည့်​ကြည့်​၏။ သို့ပေမယ့် သူ့ကိုမြင်တာနဲ့ပင် အရှေ့သို့ ပြန်လှည့်သွားခဲ့၏။

"​ဆောင်းည ...​ဆောင်းည ... "

ထပ်​ခါထပ်​ခါ လှမ်း​ခေါ်​ပေမယ့်​လည်း သူမက ခြေလှမ်းတွေကို ပိုသွက်​၍ သူနဲ့ဝေးရာကို ထွက်သွားခဲ့လေသည်။

​ဆောင်းညဆိုတဲ့ သူမက သူ့ကို မတွေ့ချင်ဘူးဆိုတာ အပြုအမူ​တွေကို ကြည့်​ရုံနဲ့ပင်​သိသာ​စေပါသည်​။
ဒါ​ပေမယ့်​လည်း မ​တွေ့ချင်​တဲ့သူကိုမှ တမင်​တကာ လိုက်တွေ့ပစ်လိုက်ချင်တာက သူ့ရဲ့ ရည်ရွယ်ချက်ရှိတဲ့ အရွဲ့တိုက်​ခြင်းတစ်​ခုပါပဲ ...။

__________________________

(Day - 2)

ဇာတ်​ညွှန်း​မေဂျာ​ အဆောင်ဘက်သို့ သည်​နေ့သစ်​ တစ်ယောက် ဒီနေ့လည်း ရောက်လာခဲ့ပြန်၏။ ဒီရက်ထဲမှာ အလာစိတ်နေသော သည်​နေ့သစ်အား သူ့ကို သဲသဲလှုပ် စောင့်ကြည့်နေကြသည့် မိန်းခလေးတွေနဲ့ ဇာတ်ညွှန်း​မေဂျာက စီနီယာတွေကပင် သတိထားမိလာကြသည်​။

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now