( Part - 4 )

4.7K 268 0
                                    

( U&Z )

"​တွေ့ဆုံ​ဖြေရှင်းခြင်း ... "
________________

ည​နေ​ လေးနာရီ မထိုးခင်ထဲက အသံလွှင့်​ခန်း​ရှေ့မှာ​ ဆောင်းညကို သူ​စောင့်​နေ​မိသည်​။
သူမကို​ စောင့်နေရင်းနဲ့ သူ့စိတ်​တွေက ကြည်လင်နေခဲ့ကာ လက်ကနာရီကိုလည်း မကြာခဏ ကြည့်နေမိသည်။ ပြီးတော့  သူမလာမည့်​ လမ်းအား မကြာခဏလည်း လှမ်းမျှော်ကြည့်နေမိပါသည်။
သူဘာဖြစ်နေတာလဲဲ ...။

​သူမကို အရမ်းတွေ့ချင်နေမိလို့ သူဒီအထိ​လျောက်​လုပ်​ခဲ့မိ၏။ တကယ်တမ်း ပြန်တွေးကြည့်တော့ အရေးကြီးကိစ္စလည်း မရှိသလို မဖြစ်​မ​နေ​တွေ့စရာ အ​ကြောင်းကလည်း မရှိပါပဲနဲ့ ...။
လေးနာရီ ဆယ့်​ငါးမိနစ်​တွင်​ ဆောင်းညရောက်လာခဲ့၏။
မြင်​နေကြပုံစံ​လေး ဆိုပေမယ့်လည်း အရင်ရက်တွေကလို တင်းမာသော မျက်နှာမှုန်ကုပ်ကုပ်လေးတော့ မဟုတ်​ခဲ့ပါ။
သူမကို မြင်လိုက်တာနဲ့ပင် သူ့မျက်နှာမှာ  အပြုံးရိပ်​ ထင်သွားရသည်။

"​ရောက်​လာပြီလား ... "

"အင်း ...​ရောက်​လာပြီ ဒီ​လောက်​ တစ်ကျောင်းလုံး ကြားအောင်ပြောပြီး ခြိမ်း​ခြောက်​မှ​တော့​ ရောက်လာရပြီပေါ့ ...
​ကျေးဇူးပဲသိလား နင့်​ကျေးဇူး​ကြောင့် ငါအခု နာရီပိုင်းလေးအတွင်း အရမ်း​နာမည်​ကြီး​နေပြီ ... "

​ဆောင်းည​ ပြောပုံလေးက သူ့အတွက်​တော့ ချစ်​စရာ ကောင်းနေခဲ့ပါသည်။
ပြီး​တော့ သူမရဲ့ "နင်​" "ငါ" ဆိုသည့်​အသုံးအနှုန်း​ကြောင့်​ အရင်က "ရှင်" "ကျွန်မ"​ ဆိုတာ​တွေထက်​ ပိုပြီး သူစိမ်းမဆန်​တော့သလိုမျိုး ခံစားရ၏။

"မင်းငါ့ကို အဲ့ဒီ့လို​လေး​ သုံးနှုန်းတာ ငါအရမ်း သဘောကျတယ် ဆောင်းည ... "

"ငါဘယ်​လို သုံးလိုက်​မိလို့လဲ ... "
​ဆောင်းည သူမကိုယ်​တိုင်​ပင်​ သတိမထားမိလိုက်ပေ။

"အရင်​က ရှင်​တွေ ကျွန်​မ​တွေနဲ့ နား​ထောင်​ရတာ ငါ့နားထဲမှာ မ​ကောင်းဘူး ...
အခုလိုမျိုး နင်​ငါ အဲ့လို​လေး​တွေ သုံးနှုန်းတာ ငါပိုသ​ဘောကျတယ် ပိုရင်းနှီးလာသလိုပဲ ... "

"​နောက်​ဆုံးနှစ်​ ကျောင်းသား အချင်းချင်းမို့လို့ နင်​တွေ ငါ​တွေသုံးလိုက်​တာပါ ပိုရင်းနှီးလာဖို့အတွက်​ သုံးနှုန်းလိုက်တာမဟုတ်ဘူး ... "

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now