( Part - 7 )

3.8K 230 0
                                    

( U&Z )

" ဝန်​ခံခြင်း (သို့) အငြင်းခံရခြင်း "
___________________________

​တစ်​ချက်​တစ်​ချက်မှာ​ ခပ်လှမ်းလှမ်းနေရာတွေကနေ ကျောင်းသားအချို့ရဲ့ ဆူဆူညံညံ အသံတွေကို ကြားရတတ်​ပါသည်​။
သူမ,ရှိ​နေသည့်​ အခုနေရာလေးကတော့  လူအသွားအလာ ရှိပေမယ့်လည်း အလာကျဲသောနေရာ ဖြစ်တာကြောင့် တိတ်ဆိတ်နေခြင်းက ကြာရှည်တတ်၏။
စိမ်းစိုပြီး အကိုင်းအခက်တွေ ဝေဆာစွာဖြာထွက်နေသည့် အရိပ်ရ သစ်ပင်ကြီးတစ်ပင်အောက်ရှိ သစ်​သား​နောက်​မှီ ခုံတန်းရှည်လေးတွင် ဆောင်းည တစ်ယောက်ထဲ ထိုင်​နေတာ ဖြစ်သည်။
အ​စောပိုင်းက​တော့​ အေသင်နဲ့ ဇွဲမာန်ရှိနေပေမယ့် သူတို့နှစ်ယောက်က အတန်းချိန်​ရှိ၍ အရင်​ပြန်​သွားကြ​တာဖြစ်​သည်​။

တစ်​ယောက်​ထဲ ကျန်ခဲ့ပေမယ့် ဒီနေရာလေးကနေ ထမပြန်​ဖြစ်​သေး​ပေ။ တိတ်ဆိတ် အေးချမ်းစွာ ရှိ​နေတတ်​သော​နေရာ​တွေကို သူမအလွန်​ပင်​ သဘောကျတတ်၏။
ထို​နေရာမျိုး​တွေမှာ ဆိုရင် သူမစိတ်တွ ေအရမ်း လွတ်လပ် ပေါ့ပါးနေတတ်ပြီး သီချင်းနား​ထောင်​၍ ဖြစ်စေ စာအုပ်​တစ်​အုပ်​ဖတ်​နေ၍​ ဖြစ်စေ အေးအေးလူလူ ထိုင်နေတတ်တာက သူမရဲ့ အကျင့်ပင်။

အခုလည်း ဒီနေရာလေးမှာ ထိုင်ရင်းနဲ့ စာအုပ်​တစ်​အုပ်​ကို ဖတ်​နေမိ​လေသည်​။
ဒီစာအုပ်​လေးကို အစက​နေ အဆုံးထိ သူမ အားလုံးဖတ်​ပြီး​ပါပြီ။
သို့​ပေမယ့်​ တစ်စုံတစ်ယောက်ကို သတိရတိုင်း ဒီစာအုပ်​လေးကို ပြန်​ပြန်​ဖတ်​နေမိခဲ့သည်​။ နှစ်တွေကြာလာတာနဲ့အမျှ အစအဆုံးဖတ်​ခဲ့သည့်​ အကြိမ်ပေါင်းကလည်း မရေမတွက် နိုင်လောက်အောင်ပင် ရှိနေခဲ့လေပြီ။

သူမ သွားလေရာမှာ အိတ်​ထဲ အမြဲထည့်ထားတတ်သည့် စာအုပ်လေးပဲ ဖြစ်သည်။
စာအုပ်​လေးရဲ့​ နောက်ဆုံးစာမျက်နှာ၌ မှင်​နဲ့​ ရေးသားထားသည့် စာကြောင်းလေးကို ကြည့်​မိတိုင်း သူမ ရင်ခုန်ရသည်။
ပြီး​တော့ ပြုံးနေမိ၏။
အပြုံး​တွေက ကြာရှည်နေမိစဉ် အချိန်တွင် သူမရဲ့ မျက်လုံးအစုံကို တစ်​စုံတစ်​ယောက်ရဲ့ လက်တွေက အ​နောက်​က​နေ လာ၍ဖိပိတ်​ ကာစီးလိုက်လေသည်။

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now