( Part - 9 )

3.3K 217 1
                                    

( U&Z )

"Happy Day ... "
___________

ဒီ​နေ့​ ကျောင်းပိတ်ရက်မို့ မှူးသီဟနဲ့​ ဆောင်းညတို့ နှစ်ယောက် အပြင်ကို လျောက်လည်ဖြစ်ကြ၏။
အရင်​က လျောက်လည်ခဲ့ဖူးတဲ့ အထင်​ကရ​နေရာ​တွေကို ကိုယ့်​နိုင်​ငံကို ပြန်​ရောက်​လာ​တော့ မှူးသီဟ​ ဆောင်းညနဲ့မှပဲ သွားဖြစ်​ခဲ့သည်​။
သူငယ်​ချင်း​တွေ မိတ်​ဆွေ​တွေ အများကြီးရှိပါ​သော်​လည်း သူမနဲ့မှ အတူသွားချင်​မိတာက သူ့ဆန္ဒ ...။
တစ်​နေကုန် နေရာမျိုးစုံ လျောက်လည်ခဲ့ပြီးတော့မှ ည​နေ​ရောက်​တော့ အနောက်တိုင်း အစားအစာတွေ ရောင်းသည့် ဆိုင်တစ်ဆိုင်မှာ နှစ်​ယောက်​သား ည​နေစာ ဝင်စားဖြစ်၏။

"ဒီဆိုင်​က Pasta​တွေက အရမ်းကောင်းတယ် အဲ့ဒါကြောင့် ကိုမှူးကို စား​စေချင်​လို့ ဒီဆိုင်​ကို​ခေါ်လာတာ ...
ဘယ်​လိုလဲ အရသာ မိုက်​တယ်​မှတ်​လား ... "

စားပွဲ​ပေါ်မှာ ရောက်နေပြီဖြစ်သော ကြက်​သွန်​ဖြူ Pastaကို မှူးသီဟက ခက်​ရင်းနှင့်​ရစ်​ပတ်​၍ အနည်းငယ်​မြည်းစမ်းကြည့်​လိုက်​လေသည်​။

"​အင်း ... ဘယ်​ဆိုးလို့လဲ​ကောင်းတယ်​... "

"​ဆောင်းညရဲ့ tomato pasta​လေးပါ မြည်းကြည့်​ဦး ကိုမှူး ... "

​ဆောင်းညက သူမ မှာထားသည့်tomato pastaအား မှူး​သီဟရှေ့သို့ တိုးပေးကာ မြည်းစမ်းခိုင်း​နေပြန်​သည်​။ မှူးသီဟလည်း  အနည်းငယ်​ယူ၍ စားကြည့်​လိုက်​ပါသည်​။

"ဒါလည်း ကောင်းတယ်... "

"ကြည့်​ပါလား​ ဆောင်းည ပြောသားပဲ ဒီဆိုင်​က Pasta​တွေက အရမ်း​ကောင်းတယ်​လို့ ... "

​ဆောင်းညက အပြုံး​တွေနဲ့​ ပြော၏။ သူမ ဒီ​နေ့ အရမ်းပျော်ရွှင် နေမိပါသည်။
မ​တွေ့ရ​သော နှစ်​တွေကြာခဲ့ပြီးမှ အခုလိုပြန်​ဆုံပြီး နှစ်ယောက်သား လျောက်လည်ဖြစ်ကြတာမို့ ...။
​ဆောင်းည အပြုံး​တွေကို ကြည့်ပြီး မှူးသီဟလည်း ပြုံး​နေမိ၏။
မ​တွေ့ရတာ ကြာလို့လား မသိပေ သူမ​လေးပိုလှလာခဲ့ပါသည်​။

"မ​တွေ့ရတာ ကြာလို့လား မသိဘူး ငါ့ညီ​မ​လေး အရမ်းလှလာသလိုပဲ ကိုမှူး မျက်​စိထဲမှာ ... "

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now