( Part - 10 )

3.4K 207 1
                                    

( U&Z )

"ရင်​ခုန်​ခြင်း​ ပျော်ရွှင်ခြင်းတွေနဲ့ ခရီး​လေး ... "
___________________________

"လူငယ်​တစ်​ယောက်​ရဲ့ အိမ်​မက်​ပန်းတိုင်​" ရုပ်​ရှင်​ကား​၏​ နောက်ဆုံးဇာတ်ဝင်ခန်းများသာ ရိုက်​ကူးဖို့ ကျန်တော့သည့်အချိန်ကိုရောက်လာခဲ့လေသည်​။
​နောက်​ဆုံး ဇာတ်ဝင်ခန်းနှစ်ခန်းကို နယ်​ဘက်​က မြို့လေးတစ်မြို့မှာ သွားရိုက်​ဖို့အတွက်​ရိုက်​ကူး​ရေးကျောင်းသား​တွေအားလုံး ခရီးထွက်​ဖို့ ပြင်​ဆင်​နေကြ​လေ၏။

Express ကားတစ်​စီးလုံးငှါးထားတာမို့ ကားတစ်​စီးလုံးမှာ ကိုယ့်​လူ​တွေနဲ့သာ ရှိ​နေ၏။ ကျောင်းသားေတွက ကား​ပေါ်သို့ အလျို လျို တက်​လာကြပြီး​ထိုင်​ခုံ​နေရာယူ၍ အထုတ်အပိုးတွေ ‌ေနရာချနေကြသည်။

​ဆောင်းညလည်း ကားပေါ်သို့တက်လာပြီး  ထိုင်​ခုံ​နေရာ​တွေကိုလိုက်​ကြည့်​မိ၏။
နှစ်​ခုံတွဲခုံ​တွေက ပြည့်​တဲ့​နေရာ​တွေက ပြည့်​နေကြပြီဖြစ်​သည်​။
လူမရှိ​သေးသည့် နှစ်ခုံတွဲတစ်ခုမှာ သူမဝင်​ထိုင်​လိုက်​လေသည်​။
​မှန်​ပြတင်း​ပေါက်​နားမှာ နေရာယူ၍ ဝင်လိုက်ကာ သူမဘေးက ထိုင်ခုံကို Krisအတွက်​ စဉ်းစားပြီး နေရာဦးထားပေးလိုက်၏။

"ကဲ ကဲ ကဲ​အောက်​မှာရှိ​နေတဲ့လူ​တွေ ကား​ပေါ်တက်​ကြမယ်​နော်​ခရီးထွက်​တယ်​ဆိုတာ အချိန်​အခါရှိတယ်​...
​အခုချိန်​ထွက်​မှ ဟိုကို​စော​ရောက်​မှာ ... "

တစ်​ဖွဲ့လုံးရဲ့​ခေါင်း​ဆောင်​ဖြစ်​သည့်​ ပိုင်ဝေက ကားအောက်မှာ ကျန်နေသည့် သူတွေကို လှမ်းအော်နေတာ ဖြစ်သည်။
စီနီယာပိုင်​ဝေ လှမ်း​အော်​လိုက်​ပြီး တစ်​ခဏ၌ ကျန်နေသည့်သူတွေ အကုန်လုံး ကားပေါ်သို့ တက်လာခဲ့ကြ၏။
​ရှေ့ဆုံးက တက်လာသူက သည်​နေ့သစ်​ပဲဖြစ်​သည်​။
သူ့မျက်​လုံး​တွေက​ ဆောင်းညကို အရင်ဦးဆုံး ရှာကြည့်​ပြီးမှ သူမထိုင်​နေသည့်​လေးတန်း​မြောက်​ထိုင်ခုံ​နေရာကို​ လျောက်လာခဲ့လိုက်၏။

"Kris ဒီကိုလာ ... "

​ဆောင်းညက သည်​နေ့သစ်​အ​နောက်​မှလိုက်​လာသည့်​Krisကိုလှမ်း​ခေါ်​နေ​ပေမယ့်​သူမ​ဘေးမှာ လာထိုင်လိုက်သူကတော့ သည်​နေ့သစ်​ပဲ ဖြစ်သည်။

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now