( Part - 11 )

3.1K 207 2
                                    

( U&Z )

"လွဲမှား​နေ​ပေမယ့်​ ထိုလွဲမှားခြင်းကိုသာ သူဖမ်းဆုပ်​ထားချင်​၏ ... "
___________________________

ဒီ​နေ့တစ်​နေကုန်​လုံး ရိုက်​ကူး​ရေး​ကျောင်းသားအဖွဲ့​တွေ တစ်​မြို့လုံးက အထင်​ကရ​နေရာ​တွေကို​လျောက်​လည်​ဖြစ်​ကြ၏။
တစ်​ဖွဲ့လုံး​ပျော်​ပျော်​ပါးပါးနဲ့​လျောက်​သွားကြရင်း ည​နေသုံးနာရီ​လောက်​မှ တည်းခိုအိမ်​ကိုပြန်​ရောက်​လာကြသည်​။
ထိုအချိန်​ထိ မှူးသီဟက သူတို့ဆီသို့​ရောက်​မလာခဲ့​သေး​ပေ။
မှူးသီဟ​ရောက်​မလာတာကိုပင်​နေ့သစ်​တစ်​ယောက်​ကြိတ်​၍​ကျေနပ်​နေမိ၏။
ဒီ​နေ့အတွက်​ရာသီဥတုက ကိုယ့်​ဘက်​မှာဆိုတာ​သေချာ​နေပါသည်​။

သူတို့အဖွဲ့က ဒီ​နေ့တစ်​ညအိပ်​ပြီး မနက်ကျရင်​ထပြန်​ကြမှာပဲဖြစ်​၏။
ပြီး​တော့ ဒီညမှာ ရိုက်​ကူး​ရေး​တွေပြီးဆုံးသွားခြင်းအတွက်အမှတ်တရပါတီပွဲလေးလုပ်ဖို့လည်း ရှိသည်​။
ထို့​ကြောင့်​လျောက်​လည်​ကြရာက ပြန်​လာသည်နှင့် ပါတီအတွက်ပြင်ဆင်နေကြရသည်။
တည်းခိုအိမ်​က ခြံကျယ်​ဝင်း​ကျယ်​နဲ့နှစ်​ထပ်​အိမ်​ကြီးဖြစ်​ပြီး အိပ်​ခန်း​တွေလည်း အများကြီးပါ၏။
အိမ်​ပိုင်​ရှင်​တွေက ဒီအိမ်​ကိုအ​ပျော်ခရီးထွက်လာသူ​တွေအတွက်သာ ခဏတာ​ငှါးဖို့သီးသန့်​ထားခြင်းဖြစ်​သည်​။
ငှါးရမ်းတည်းခိုသူ​တွေ လိုအပ်တာခိုင်းလို့ရ​အောင်​လည်း အိမ်စောင့်လင်မယားယား နှစ်​ယောက်​လည်း ထားပေးထား၏။

သူတို့က​တော့ အိမ်​ကြီး​ပေါ်မှာ​နေတာမဟုတ်​ဘဲ အနောက်ဘက်က တစ်​ထပ်​တိုက်​လုံးချင်း​လေးမှာ​နေကြတာဖြစ်​သည်​။
သူတို့အဖွဲ့တစ်​နေကုန်​လျောက်​သွား​နေကြသည့်​အချိန်​တွင်​ထိုအိမ်​စောင့်​လင်​မယားအား ပါတီအတွက်​လိုအပ်​တာ​တွေကို ဝယ်​ခြမ်းထားခိုင်းခဲ့တာဖြစ်​၏။
ညကျမှပါတီစမှာဆို​ပေမယ့်​ပြင်​ဆင်​စရာရှိတာ​တွေကို​တော့ ည​နေ​လေးနာရီ​လောက်​ထဲက သူတို့အဖွဲ့​တွေလုပ်​နေကြတာဖြစ်​သည်​။
​ယောကျာင်္း​လေး​တွေက စားပွဲခုံ​တွေခင်းတာ မီးအလှဆင်​တာ​တွေလုပ်​နေကြပြီး မိန်းခ​လေး​တွေက​တော့ Barbecueအကင်​မျိုးစုံအတွက်​ပြင်​ဆင်​နေကြ၏။
​ဆောင်းညက​တော့ အသီးအနှံ​တွေကို​ရေ​ဆေးဖို့အတွက်​တာဝန်​ကျတာ​ကြောင့်​ခြံထဲက​ဘေစင်​မှာ သူမတစ်​ယောက်​ထဲအလုပ်​ရှုပ်​နေ​လေသည်​။

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now