( Part - 12 )

3.3K 198 0
                                    

( U&Z )

"ပထမဆုံးအကြိမ်​ နှလုံးသားရဲ့ခံစားချက်နှင့် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်... "
___________________________

တစ်​လ​ကျော်​ဆိုတဲ့ အချိန်​တွေဟာ ညင်​သာစွာကုန်​လွန်​လာခဲ့ပါတယ်​...။
ရုပ်​ရှင်​ရိုက်​ကူး​ရေး​တွေလည်း ပြီးခဲ့ကာ
နိုင်​ငံတကာတက္ကသိုလ်​ကိုယ်​စားပြု ရုပ်ရှင်ဇာတ်ကားပြိုင်ပွဲလည်း ပြီးဆုံးသွားခဲ့​လေပြီ ...။
ပြိုင်​ပွဲမှာဝင်​ပြိုင်​သမျှ တက္ကသိုလ်​တွေက နံပါတ်​စဉ်​အလိုက်​ဆုရကြပါသည်​။
သူတို့​ကျောင်းက​တော့ ဒုတ်ိယဆုသာရခဲ့၏။
ချစ်​ရသူကိုလည်း ပိုင်ဆိုင်ခဲ့ရပြီးပြီမို့ သည်နေ့သစ်ရဲ့ မနက်​ဖြန်​တိုင်းသည်​ပျော်​စရာစိတ်​ချမ်းသာစရာ​တွေနဲ့သာ ပြည့်​စုံ​နေခဲ့၏။
သူ့မှာအပြစ်​မကင်း​သော လိမ်​ညာခြင်း​တွေရှိ​နေ​ပေမယ့်​ ဆောင်းညကိုလည်း ဝန်​မခံနိုင်​ခဲ့ပေ။ အချစ်ကြောင့် သူအတ္တ နည်းနည်းတော့ ကြီးခဲ့မိပါသည်​။

လိမ်ညာထားမိတဲ့အပြစ်​ကြောင့်​သူက မကောင်းတဲ့ လူတစ်ယောက် ဖြစ်ချင်ဖြစ်နေ နိုင်သော်လည်း၊ သူမကိုချစ်မိတဲ့ အချစ်​တစ်​ခု​ကြောင့်​သူမအတွက်​အ​ကောင်းမွန်​ဆုံး ချစ်​သူတစ်​ယောက်​ဖြစ်​ဖို့ သူ့မှာယုံကြည်​ချက်​တွေ​တော့ အပြည့်​ရှိ​နေပါသည်​။
ချစ်​သူ​တွေဖြစ်​လာကြပြီး​တော့မှ​ဆောင်းညအ​ပေါ်မှာ အရင်​က​လောက်​သူအနိုင်​မယူ​တော့ဘဲ အလျော့ပေးတာက ပိုများလာခဲ့သည်​။
​အဲ့ဒါက သူမကိုတန်​ဖိုးထားလို့ သိပ်​ချစ်​လို့ပါ ...။

​ကျောင်းပိတ်​ရက်​မှာ​ဆောင်းညနဲ့​တွေ့ဖို့ သူတို့ချိန်းထားသည့်​ပန်းခြံထဲသို့​နေ့သစ်​ရောက်​လာခဲ့၏။
ကန်​ရေပြင်​ကြီးနားက သစ်​ပင်​ကြီးတစ်​ပင်​အောက်​ရှိခုံတန်း​လေးမှာ​ဆောင်းညတစ်​ယောက်​ထဲ ထိုင်​ပြီးစာဖတ်​နေ​တာကို သူလှမ်းမြင်​လိုက်​ရသည်​။
ပန်းခြံထဲမှာက မိသားစုလိုက်​တွေ စုံတွဲ​တွေနဲ့ စက်​ဘီးစီး​နေကြသူ​တွေ​ပျော်​ပွဲစားထွက်​လာကြသူနဲ့ ရှိ​နေ​သော်​လည်း သူမက​တော့ တစ်​ယောက်​ထဲ စာထိုင်​ဖတ်​နေ​လေရဲ့ ...။

"​ဆောင်းည ... "

ထုံးစံအတိုင်း​နေ့သစ်​က သူမနားရွက်ဖျားလေးတွေ အနားကနေ ခပ်​တိုးတိုးကပ်​ခေါ်လိုက်​လေသည်​။
ရုတ်​တရက်​မို့ အနည်းငယ်​လန့်​သွားတာကလွဲရင် သူမအရင်ကလိုတော့ နေ့သစ်ကိုပြောဆိုတာတွေမရှိတော့ပါ။
သူမနဲ့​တွေ့ရင်​ ဒီအပြုအမူတွေက နေ့သစ်အတွက် အကျင့်တစ်ခုလို ဖြစ်​နေသလို သူမအတွက်​လည်း ကြုံနေကျဖြစ်လာခဲ့ပြီ လေ ...။

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now