( Part - 13 )

3.2K 210 3
                                    

( U&Z )

"နှုတ်​ဆက်​ပါတယ်​အချစ်​ဦး ... "
___________________________

ဒီ​နေ့​ကော်ဖီ​ဆိုင်​တစ်​ဆိုင်​မှာ မှူးသီဟနဲ့​ဆောင်းညတို့​တွေ့ဖြစ်​ကြသည်​။
မှူးသီဟ ဖုန်းဆက်​ခေါ်လို့ သူမ,လာ​တွေ့တာဆို​ပေမယ့်​သူမကိုယ်​တိုင်​ကလည်း ကိုမှူးနဲ့ပြောစရာတွေရှိနေ၏။
ကိုမှူးသူမကို ဖွင့်​ပြောခဲ့သည့်​နေ့မှစ၍နောက်​ပိုင်း ရက်​အတန်​ကြာတဲ့အထိ သူမနဲ့ ကိုမှူး မ​တွေ့ဖြစ်​ကြ​တော့​ပေ။
ကိုမှူးက သူမဆီသို့ လူကိုယ်​တိုင်​လည်း မလာသလို ဖုန်းတစ်​ချက်​လည်း လှမ်းမဆက်​ခဲ့ပါ​ချေ။
ဒီ​နေ့မှပဲ အဆက်​အသွယ်​လုပ်​ပြီး သူမကို​တွေ့ဖို့​ပြောသည်​။​ဆောင်းညမှာလည်း ကိုမှူးတောင်းထားသည့်အဖြေအတွက် စကားတွေကရှိနေပါပြီ။

"​ဆောင်းည ကိုမှူးကို​ပြောစရာရှိတယ်​... "

"ကိုမှူး​တောင်းထားတဲ့ အ​ဖြေအတွက်​ညီမ​လေးရဲ့အ​ဖြေကို​ပြောမယ့်​ကိစ္စဆိုရင်​တော့ မ​ပြောပါနဲ့​တော့ ညီမ​လေး ...
ကိုမှူး ညီမ​လေးရဲ့အ​ဖြေကို သိ​နေပြီးပြီ ... "

မှူးသီဟစကား​ကြောင့်​ဆောင်းညက သူ့ကိုအံ့သြသလို​လေး​ငေးကြည့်​မိ၏။

"အဲ့ဒီ့​နေ့က ကိုမှူးကိုထားခဲ့ပြီး ညီမ​လေးသည်​နေ့သစ်​နောက်​ကို လိုက်​သွားထဲက ကိုမှူးသိလိုက်​တယ်​...
ညီမ​လေးမှာ အားလုံးထက်​အ​ရေးကြီးတဲ့သူတစ်​ယောက်​ရှိ​နေပြီဆိုတာ ...
အဲ့ဒါ​ကြောင့်​လည်း ကိုမှူး ညီမလေးဆီက အ​ဖြေကိုမ​စောင့်​မျှော်​နေ​တော့တာ ...
ပြီး​တော့ ပိုင်​ဝေ့ဆီက​နေလည်း သတင်းကြားတယ် သည်နေ့သစ်နဲ့ ညီမလေး ချစ်​သူ​တွေဖြစ်​နေကြပြီဆို ... "

ကိုမှူးက အားလုံးကိုသိနားလည်​နေတာမို့​ဆောင်းညလည်း ဘာမှ ပြန်​မ​ပြောနိုင်​ပဲ ကိုမှူးကိုသာ အားတုံ့အားနာ​ငေးကြည့်​နေခဲ့မိ၏။

"ညီမ​လေးတို့နှစ်​ယောက်​ထာဝရလက်​တွဲနိုင်​ပြီး​ပျော်​ရွှင်​ပါ​စေလို့ ကိုမှူးဆု​တောင်း​ပေးပါတယ်​...
ဘာပဲဖြစ်​ဖြစ်​ညီမ​လေးက​တော့ ကိုမှူးရဲ့ဂျူ နီယာညီမ​လေးအဖြစ်​ဆက်​ရှိ​နေမှာပါကွာ ... "

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now