( Part - 15 )Ending

9.4K 342 16
                                    

( U&Z )

"ငါ့ရဲ့ချစ်​ရပါ​သော ဆောင်းည... "
_____________________

အက်စီးဒင့်ဖြစ်ပြီး​တစ်​လ‌ေကျာ်ကြာသောအခါ ...။

"​ဟော သမီး​တောင်​ရောက်​လာပြီလား ... "

​ဆေးရုံရဲ့V.I.P​သီးသန့်​ခန်းထဲကို သူမဝင်​လိုက်​သည်​နှင့် အခန်းထဲမှာ ရှိနေသည့် နေ့သစ်ရဲ့အမေဒေါ်ခင်နှင်းသစ်က သူမကိုလှမ်းကြည့်​ပြီး​ပြောလိုက်​၏။

"ဟုတ်​ အန်တီ ... "

​ဆောင်းညက ပြုံးပြ​ပြီးပြန်​ဖြေလိုက်​ကာ​ဒေါ်ခင်​နှင်းသစ်​အနားမှာ ဝင်​ထိုင်​လိုက်​သည်​။

"ဒီ​ကို​နေ့တိုင်းလာလာ​နေတာ သမီးအတွက်​ပင်​ပန်းပါတယ်​ကွယ်​...
တစ်​ရက်​ခြားနှစ်​ရက်​ခြား ဒါမှမဟုတ်​ကျောင်းပိတ်​ရက်​တွေကျမှပဲ လာခဲ့ပါလား သမီးရယ်​... "

သားဖြစ်သူ ဆေးရုံစတက်တဲ့အချိန်ကနေ အခုထိ တစ်​ရက်​မပျက်​ပဲ​ ရောက်လာတတ်သည့် ဆောင်းညကို ဒေါ်ခင်နှင်းသစ်က အားနာစိတ်​နဲ့​ပြောမိ၏။

"​ဆောင်းည မပင်​ပန်းပါဘူး အန်​တီရယ်​...
​ဆောင်းည​ နေ့သစ်ဆီကို နေ့တိုင်းလာပြီး ကူညီပြုစု​ပေးချင်​လို့ပါ ... "

​ဆောင်းညက ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေသည့် နေ့သစ်ကို လှမ်းကြည့်ပြီးပြော၏။
​နေ့သစ်​က ကားအက်​ဆီးဒင့်​ဖြစ်​ပြီး​နောက်​အသက်​အန္တရာယ်​စိုးရိမ်​ရတဲ့ အ​ခြေအ​နေက​နေ လွတ်​မြောက်​လာ​ပေမယ့်​ သတိတော့ ပြန်လည်မရလာသေးပေ။
သူ​မေ့​မျော​နေတာ တစ်​လခန့်​ပင်​ရှိ​နေခဲ့ပါပြီ​လေ ...။

"သူဒီလိုဖြစ်​နေရတာ​ ဆောင်းညကြောင့်လည်းပါတယ် ဆောင်းည အပြစ်မကင်းသလို ခံစားရတယ်​အန်​တီ ... "

​ပြော​နေရင်းနဲ့ သူမမျက်​ရည်​ဝဲ​နေမိသည်​။
​ဒေါ်ခင်​နှင်းသစ်​က ဆောင်းညနဲ့ သူမရဲ့သား​နေ့သစ်​တို့ ချစ်​သူ​တွေဆိုတာ သိထားပြီးသားပါ။
သူမရဲ့သား ဘာ​ကြောင့်​ကားအက်​ဆီးဒင့်​ဖြစ်​ရသလဲဆိုတာလည်း သိထားပြီးသားပဲဖြစ်​၏။
သို့​ပေမယ့်​ ဒေါ်ခင်နှင်းသစ်ရော သသူမခင်ပွန်းကပါ ဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ပေ။
ဒါ​တွေက ဖြစ်​ချိန်​တန်​လို့ ဖြစ်​သွားရတဲ့ကိစ္စတစ်​ခုလို့သာ မှတ်​ယူပါသည်​။
ပြီး​တော့ ဒီမိန်းခလေးသည် ကိုယ့်ရဲ့သားကိုယ်တိုင်က အရမ်းချစ်​ရပါသည်​ဆိုတဲ့ မိန်းခ​လေးမို့ ...။

ချစ်ရပါသော ဆောင်းည(Normal)Where stories live. Discover now