My Heart 💘Ep>26(Uni&Zaw)

4.4K 344 8
                                    

(Uni)

ပါး ပြန်သွားတော့ အခန်းထဲဝင်ကာ
Laptop ဖွင့်ကာ ဝိမ်းနင်ပို့ထားတဲ့ ဒီဇိုင်းတွေစီစစ်လိုက်တယ်
ဒါပေမယ့် စိတ်တိုင်းမကျ

ကြော်ငြာချက်မှာ ပုံစုံကြိုပြထားခြင်းမရှိတော့
ပုံစံတူပေါက်ကြားသွားတော့ တကယ်အဆင်မပြေ
သေချာရွေးရင်း လေလံပွဲအတွက်တော့ စိန်ပွင့်တွေအများကြီးသုံးထားပြီးနည်းနည်းရှေးဆန်တာကိုမှလှပဆန်းသစ်အောင်ဖန်တီးထားတဲ့စိန်ထည်ဘယက်ကိုရွေးလိုက်တယ်
ဒီပုံစံဆင်တူတောင်မတွေ့ဖူးသေးတာတော့အမှန်
ဒါကြောင့်ရွေးသင့်သည်လေ

နောက်ထပ်
ကြည့်ရင်းနဲ့ သဘောတွေ့သွားတာက
ရိုးရှင်းပြီး စိန်တစ်ပွင့်တည်းကိုကြယ်ပုံစံလေး
ကြိုးကိုလေးပင်လိမ်ပြီးကျစ်ထားပေမယ့်
အရမ်းမကြီး အဖြူထည်သားနားလွန်းတယ်
အရှည်က 6 လက်မခွဲသာရှည်တာဆိုတော့
ယုန်ပေါလည်နဲ့ဆိုသိပ်လိုက်ဖက်မှာ....

အတွေးနဲ့တင် ကြည်နူးပြီးပြုံးနေမိသည်။
နောက်ပြီး ဝိမ်းနင်ကို အဲဆွဲကြိုးလေးကိုချက်ချင်းလာပို့ခိုင်းလိုက်တယ်
သူကိုယ်တိုင်ဆွဲပေးမယ်ဆိုတဲ့အတွေးနဲ့ပေါ့...
ကျောင်းလည်းပြီးတော့မှာဆိုတော့
ယုန်ပေါနဲ့အတူနေချင်မိတယ်..
_
_
ရှုပ်နေတဲ့အလုပ်တွေရှင်းရင်း
စားမေးပွဲပါ ဖြေရတော့မှာဆိုတော့
တော်တော်ကိုအဆင်မပြေ
ယုန်ပေါဆီပြန်သွားတွေ့ချင်ပေမယ့်အခြေအနေမပေး...
အိမ်မှာပဲ တစ်နေ့လုံးအလုပ်ရှုပ်နေလိုက်တယ်...
မနက်ကျမှတွေ့ကြတာပေါ့
_
_
မနက်ကတည်းကပြန်သွားတာ
ခဏလေးတောင် ပြန်မလာဘူး
တော်ပါပြီ စားမေးပွဲလည်းနီးပြီဆိုတော့
အာရုံစိုက်ရမယ်...
_
_
မနက်ရောက်တော့ မနေ့ကဆေးသောက်ဆေးလိမ်းထားတော့
တကယ် တော်တော်လေးသက်သာနေပြီ
အိမ်ကပါးနဲ့မားက နေမကောင်းဘူးပဲသိတာ ဟီး...
မွေ့ယာအသစ်လဲပေးသွားတယ်ဆိုပြီးတော့တောင်
သူတို့သားမက်ကိုသဘောကျနေလေရဲ့..
_
_

"ရှောင်းကျန့် သားတကယ်သက်သာရဲ့"

"ဟုတ်...မား...သားနေကောင်းသွားပါပြီ သွားတော့မယ်နော်...''

"အင်း...ကောင်းကောင်းသွား..."

"ဟုတ်ကဲ့..."

My Heart 💘 (Uni & Zaw) (Completed)Where stories live. Discover now