My Heart 💘Extra >2(U&Z)

4.3K 264 6
                                    

(Uni)

"ကိုကို''

"အင့်''

မနက်စာအတွက်ပြင်ဆင်နေသည့်
ရှင်းချန်နောက်မှ ဘယ်ချိန်ရောက်လာမှန်းမသိလိုက်တဲ့
လက္တစ္စုံက အသာအယာခါးကိုလာဖက်တွယ်နေပြီး
နှာခေါင်းထိတ်ဖျားလေးတွေက
လည်ပင်းနဲ့ပခုံးကြားနား တိုးဝေ့ပြီးကျီစယ်နေသည်။

"ညီ....လြတ္ကြာ...ကိုယ်ဒီမှာမနက်စာပြင်နေတယ်လေ...''

"ခဏေလးပါ ကိုကိုကလည်း... ကိုကို...''

"အင်း...''

"ကိုကို....''

"ဗ်ာ...ဗ်ာ....ညီ ကိုယ့်ကိုလွတ်တော့ကွာ...ဒီမှာမနက်စာပြင်ပြီးတော့မှာကို...''

"ဟဲ...ဟဲ...ကိုကို ဒီနေ့ဆိုင်ပိတ်ပြီး အိမ်မှာကျွန်တော်နဲ့အတူနေပေးပါလားဟင်....''

"မရပါဘူး...စားသုံးသူတွေနဲ့ အော်ဒါပို့ပေးရမှာတွေက
ဖျက်လို့မရဘူး....''

"ဟူး...အလုပ်ကိုရှုပ်နေတာပဲ ကျွန်တော် ကုမ္ပဏီမသွားတဲ့ရက်လေးကရှားပါတယ်
တစ်ခါတစ်လေ ကိုကို့ဆိုင်ပိတ်လိုက်ကွာ
ဒါမှမဟုတ်....ကိုကိုဒီနေ့ဆိုင်မသွားရဘူး
ကိုကို့လူတွေနဲ့လွတ်ထားလိုက်....''

"ဟင်း.....မရပါဘူးဆိုကြာ....နေ့တိုင်းလည်းတွေ့နေရတာပဲကို.....''

"ဒါပေမယ့် လက်ထပ်ပြီးတည်းက ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြတာလေ ကြည်ကြည်နူးနူးလေးနေဖို့တောင်အချိန်ပေးလို့လား အမြဲတမ်း...ဆိုင်အတွက်...စားသုံးသူတွေအတွက်...ဆိုင်.....ဆိုင်....ဆိုင်....''

"ကဲ....''

အတင်းပူဆာ ဂျီတိုက်နေသောရွှယ်ယန်...

ရှင်းချန် ဖက္တြယ္ထားတဲ့ သူ့ဗိုက်သားပေါ်ကလက်နှစ်ဖက်ကို
အသာခွွာချလိုက်ပြီး ကိုယ်ကိုတစ်ပတ်လှည့်ကာ
ရွှယ်ယန်နဲ့မျက်နှာချင်းဆိုင်လိုက်တယ်
နောက်ပြီး လည်ပင်းကိုသိုင်းဖက်လိုက်တော့
ရွှယ်ယန် မျက်ခုံးလေးပင့်ကာဆိုလာသည်။

"လုပ်ပါ...ဒီနေ့အတူတူရှိပေးလေနော်....''

"အင်း...''

စိတ်ချမ်းသာအောင် ခေါင်းညိတ်ပြလိုက်မှ
ပြုံးရွှင်သွားသောမျက်နှာလေး.....
Morning kiss ဆိုပြီး ရုန်းမရအောင်
နှုတ်ခမ်းပါးတွေလာသိမ်းပိုက်သူ....

My Heart 💘 (Uni & Zaw) (Completed)Where stories live. Discover now