My Heart💘Ep>43(Uni&Zaw)

4.6K 341 13
                                    

(Uni)

Kiss ကြေးဆိုပဲ
ရုပ်တည်ကြီးနဲ့ပြောနေပုံက
တော်တော်ကိုမှနည်းမှန်လမ်းမှန်ကြေးကိုရွေးလိုက်တာပဲ...

ဒီလိုကျတော့ ရှောင်းကျန့်လက်မခံချင်
အနားထိုင်နေရုံနဲ့တောင် ဒီလောက်ရင်ခုန်နေပြီး
နေမထိထိုင်မသာဖြစ်နေတာကို
မနည်းဟန်ဆောင်ထားရတာ
Kiss ကြေးများဆော့လိုက်ရင်
အငွေ့ပျံသွားနိုင်သည်။

"တျခား....တခြားဟာပြောင်းဗျာ အဲကြေးတော့မကြိုက်ဘူး...''

မျက်လုံးအကြည့်တွေက
ခုနကလိုဝမ်ရိပေါ်ဆီမှာမရှိတော့ပဲ
ရှက်ရှက်နဲ့ ဟိုကြည့်ဒီကြည့်ကာ
ငြင်းရှာသည်။

သို့ပေမယ့် ယုန်ပေါစိတ်ကိုသိနေတဲ့
ဝမ်ရိပေါ်က လက်မလျှော့......
ကိုယ့်ချစ်သူကို လွမ်းလို့နမ်းချင်တာတောင်
အကြံအဖန်ထုတ်နေရတာလေးကလည်း
စိတ်လှုပ်ရှားစရာကောင်းသည်မလား....

"မရဘူး....အဲကြေးပဲ ဘာလည်းမင်းကကြောက်တတ်လို့လား...''

ဒါမျိုးပြောလာရင် လုံးဝအကြောခံချင်တာမဟုတ်ဘူး
ရှောင်းကျန့်တို့က....လုံးဝပဲ....

"ကောင်းပြီလေ အဲကြေးပဲထားလိုက်တော့ နိုင်တဲ့သူကနမ်းရမှာလား ရှုံးတဲ့သူကနမ်းရမှာလား နဖူးပဲနော်.....''

"ပြောမိလို့လားနဖူးကိုဘယ်လိုများရွေးချယ်လိုက်တာလည်း နဖူးမဟုတ်ဘူးနှုတ်ခမ်း နိုင်တဲ့သူကရှုံးတဲ့သူကိုနမ်းရမှာ ဘယ်လိုလည်း.... ''

"ကောင်းပြီလေ ခင်ဗျားရှုံးဖို့သာ....အမ်.....''

ပြောပြီးမှ စဉ်းစားမိကာ
နေ...နေပါအုံး သူရှုံးရင်ငါက
ငါရှုံးရင်သူက အာ....
ဒင်းတော်တော်အကြံကြီးတာပဲ

"မေဆာ့ဘူး မဆော့တော့ဘူးဗျာ...''

"ဟား...ဘယ်လိုဆော့ဆော့မင်းနိုင်မှာမှမဟုတ်တာ စောစောစီးစီးနောက်ဆုတ်ပြီးကြောက်တတ်တာကောင်းပါတယ်....''

မနိုင်ဘူးဆိုတာတော့ လုံးဝလက်မခံဘူး..
သိက္ခာကျတယ်
ကြည့်ထားနိုင်အောင်ဆော့ပြီးနှုတ်ခမ်းတွေပဲ့ကျအောင်နမ်းပစ်မယ်... ဟွန်း......

မခံချင်စိတ်တွေပြင်းပျနေတဲ့ယုန်ပေါကိုကြည့်ပြီး
ကျေကျေနပ်နပ်ကြီး အရှုံးပေးလိုက်တယ်
ဘာနေနေ မနမ်းရပေမယ့်
အနမ်းခံရလည်း နည်းလား......
_
_
"အေဟး....နိုင်ပြီကွ...''

My Heart 💘 (Uni & Zaw) (Completed)Where stories live. Discover now