My Heart 💘Ep>37(Uin&Zaw)

4.5K 357 15
                                    

(Uni)

ငါလုပ်ခဲ့တာတွေက ဖြစ်သင့်တယ်ထင်လို့
လုပ်ခဲ့တာချည်းပဲ အရာရာမှာငါ့စိတ်ကကြမ်းတမ်းချင်
ကြမ်းတမ်းမယ် မင်းနဲ့ပတ်သတ်ရင်တော့
ငါ့စိတ်ငါ့နှလုံးသားကအရမ်းကိုနုညံ့တယ်
အထိမခံနိုင်လောက်အောင်ကိုပဲ.......

"ယုန်ပေါ......''

"......''

"ငါ့ကိုကြည့်ပါ....အဲလိုမျက်နှာလွဲမထားပါနဲ့....ဟုတ်ပါတယ် ငါဖုံးကွယ်ထားခဲ့တယ် မင်းထင်ထားတဲ့ဝမ်ရိပေါ်မဟုတ်လို့ မင်းစိတ်ပျက်သွားပြီလား..."

".......''

"အချိန်တွေကိုပြန်ရစ်ပစ်လို့သါရမယ်ဆိုရင် မင်းနဲ့အစောဆုံးတွေ့ပြီး
မင်းစိတ်တိုင်းကျငါနေထိုင်ပေးလိုက်ချင်တယ်......"

"...........'''

"မင်းသိလားယုန်ပေါ ငါကခက်ထန်တယ်မာနကြီးတယ်
ပြတ်သားတယ် ရက်လည်းရက်စက်တတ်တယ်
ဥပဒေနဲ့မလွတ်ကင်းတာတွေလည်းလုပ်ဖူးတယ်
ဘာဆိုဘာမွ မကြောက်တတ်ခဲ့ဘူး
ဝမ်ရိပေါ်မှာ ကြောက်စရာဆိုတာမရှိခဲ့ဘူး....."

"........."

"ဒါပေမယ့်.....ငါမင်းကိုဆုံးရှုံးရမှာကိုကြောက်တယ်
မင်းမုန်းသွားမှာကိုလည်းကြောက်တယ် ပြီးတော့ မင်းမျက်နှာလွဲထားတဲ့ ဒီအခြေအနေကြီးကိုလည်းရင်နာတယ်....မင်းပြောပါ မင်းမကြိုက်ရင် အရာအားလုံးကိုပြောင်းလဲပစ်မယ်
ငါအားလုံးကိုစွင့်လွတ်နိုင်တယ် မင်းကလွဲရင်ပေါ့....''

အရာအားလုံး စွင့်လွတ်နိုင်တယ်တဲ့လား
လောင်ဝမ်ယေ...
ငါ့အပေါ် ဒီလောက်ချစ်ပေးနိုင်တဲ့မင်းကို
ဒီအရာတွေနဲ့စိတ်ဆိုးနေဖို့ ထိုက်တန်ရဲ့လား....

ရှောင်းကျန့် ဝမ်ရိပေါ် ဘက်လှည့်ကာ
တင်းကျပ်စွာဖတ်လိုက်ပြီး ပခုံးပေါ်မေးလေးတင်ထားလိုက်တယ်
ဝမ်ရိပေါ်ရဲ့နောက်ကျောလေးကိုအသာပုတ်
နှစ်သိမ့်ရင်းပေါ့....

"ငါ...တောင်းပန်ပါတယ် လောင်ဝမ်.....''

ငါမင်းကို မမုန်းနိုင်ပါဘူး
မင်းနဲ့ဝေးဝေးလည်းမနေနိုင်ဘူး
့် ငါနားလည်တယ်....လောင်ဝမ်
ဒီ အသက်အရွယ်လောက်နဲ့
ဒီလိုအခြေအနေရောက်ဖို့
မင်း ဘယ်လောက်တောင် ပင်ပန်းခဲ့ရမလည်း
ဘယ်လိုခက်ခက်ခဲခဲ
ဘဝကိုနာကျင်စွာဖြတ်သန်းခဲ့ရလည်းဆိုတာ
ငါတိတိကျကျမသိပေမယ့်
မင်းခံစားချက်တွေကို နားလည်တယ်
ငါထင်ထားတဲ့ဝမ်ရိပေါ်ဖြစ်မလာခဲ့ရင်တောင်
ငါ့အချစ်ကပြောင်းလဲသွားမှာမဟုတ်ဘူး....

My Heart 💘 (Uni & Zaw) (Completed)Where stories live. Discover now