Chapter-3 ( Mr.Sorall )

141 23 15
                                    

Chapter-3 ( Mr.Sorall )

" အကို အဲ့ဆိုင်က ဝက်အူချောင်းကအရမ်းကောင်းတယ် လာ ညီနဲ့လိုက်ခဲ့ "

စားချင်သည့်အရာတွေ့သောအခါတိုင်း လက်ကိုဆွဲကာဆိုင်ထဲထိခေါ်သွားတတ်ပြီး ပါးချိုင့်လေးပေါ်
အောင်ပြုံးတတ်သောသောကလေးငယ်ရဲ့အမူအကျင့်ဟာလည်း သည်ခေတ်အတွက် အသဲယားစရာကြီးတစ်ခု ဆိုသည်ထက် ချစ်စရာလေးတစ်ခုအဖြစ်သာ ရှိနေလေသည် . . . .

" ဦးလေးဆောအော သားကို ဂျာမန်ဝက်အူချောင်း၂ချောင်းပေး "

ကလေးငယ်ပြောလိုက်တော့ ဆောအောဟုအမည်ရသော ထိုဆိုင်ပိုင်ရှင်မှာ ဝက်အူချောင်းခပ်ကြီးကြီး၂ခုအား အပူပေးသောစက်ထဲ သို့ထည့်လိုက်လေသည်
@
@
သို့သော်သည်ခေတ်အံ့သြသွားသည်မှာ အနှီလူကြီးမှာလည်း ကလေးငယ်လိုမြန်မာစကားကို ပီသစွာပြောတတ်ခြင်းကြောင့်ဖြစ်သည်
အံ့သြဟန်ရနေသော သည်ခေတ်အား ကလေးငယ်မှ လက်ကလေးကိုအသာတို့လိုက်ပြီး

" အကို ဦးလေးဆောအောက မြန်မာပြည်မှာနေပြီးဆိုင်ဖွင့်ဖူးသေးတယ် နောက်မှSingapore ကိုပြောင်းလိုက်တာ မြန်မာစကားပြောတတ်တာမှတစ်ဖက်ကိုလွန်နေတာပဲ ကျွန်တော်စိတ်ညစ်တိုင်း ဒီမှာလာပြီးဝက်အူချောင်းစားဖြစ်တယ် ကြည့်ပါလားသူက အမြဲတမ်းသီချင်းတွေဆိုပြီးစားသောက်သူတွေကိုပျော်အောင်လုပ်ပေးတယ် အရမ်းပျော်တတ်တယ့်လူကြီး ညီက သူ့ဆိုင်လာရင်စိတ်ညစ်တာတွေခဏမေ့သွားကော!!!!!!"

ကလေးငယ်ကရှင်းပြလိုက်ကာမှ သဘောပေါက်သွားပုံရသွားသောသည်ခေတ်မှာ ကလေးငယ်၏ ဆံပင်ပျော့အိအိလေးများကြား လက်သွယ်လေးဖြင့်ထပ်မံကာထိုးဖွလိုက်ပြီး

" ဟုတ်ပါပြီပေါက်စလေးရာ စားပါဗျာ စားပြီးရင်ဘယ်သွားအုံးမလဲ "

သည်ခေတ်မေးလိုက်သည်ကို ကလေးငယ်မှာခေါင်း လေး ခါရမ်းလိုက်ကာငြင်းလိုက်ပြီး ပါးချို င့်လေးများ ခွက်ကာဝင်သွားသည်အထိ ပြုံးပြလေသည်

" ပင်ပန်းနေပြီလေအကိုရော
မပင်ပန်းသေးဘူး ညီမနက်ဖြန်ကျ little India လို့ခေါ်တယ့် အိန္ဒိယလူမျိုးတွေရဲ့နေရာလေးတစ်ခုကိုခေါ်သွားမယ်ဒါနဲ့အကိုကျွန်တော်တစ်ခုတောင်းဆိုချင်တယ် ကျွန်တော့်ကိုလေ ဆံပင်လေးကြားထိုးဖွပေးတာကိုနေ့တိုင်းလုပ်ပေးပါလား အကိုအဲ့လိုလေးဖွပေးတိုင်းကျွန်တော်အရမ်းပျော်တယ် ဘာလို့မှန်းမသိပင်မယ့်အရမ်းသဘောကျတယ် "

Love From Singapore Chinatown( completed)Where stories live. Discover now