Chapter-5 (Formula Of Love )

119 20 24
                                    

Chapter-5 (Formula Of Love )

" အကိုခဏနေရင်နေဝင်တော့ မှာညီတို့ Pinnacle@ Duxton Skybridge ကိုသွားရအောင် အကိုလည်းကြားဖူးမှာပါအဲ့ကကြည့်ရတာ ကျို က်ထီးရိုးတောင်ပေါ်ကကြည့်ရသလိုပဲအရမ်းလှတယ် လာပါသွားရအောင် နော် "

သည်ခေတ်တစ်ယောက်Singapore မှာသောင်တင်နေသည်မှာယနေ့နှင့်ဆိုတစ်လတင်းတင်းပြည့်ခဲ့လေပြီ  လွန်ခဲ့သောရက်သတ္တပတ်တစ်ခုက Social ပေါ်တင်လိုက်သောစာလေးကြောင့် သည်ခေတ်နှင့်ယွန်းတို့၏ ဆက်ဆံရေးမှာ လျော့မသွားဘဲပို၍ ပင် သံယောဇဉ်ကြီးမားလာကြပေသည် ယခုလည်း အနှီကလေးငယ်မှာ နေဝင်တာ ကြည့်ချင်သောဆိုသောကြောင့် တရုတ်တန်းတစ်ဝိုက် တွင် အမြင့်ဆုံးအဆောက်အဦးဖြစ်သော Duxton Skybridge ပေါ်သို့ဦးဆောင်ကာခေါ်သွားလေသည်
လက်ထဲတွင်လည်း  ဘက်ကွာကိုင်လျက်နှစ်ချို က်စွာ စားသုံးနေသောအနှီကလေးငယ်၏ ပုံရိပ်မှာ အင်မတန်ချစ်ဖို့ကောင်းလွန်းပေသည် လုပ်ချင်သောအရာလုပ်ရတိုင်းပါးချိ င့်လေးပေါ်အောင်ပြုံးပြတတ်သော ကလေးငယ်၏ စရိုက်လေးဟာ လည်း ဖြူ စင်ချင်းအတိပြီးနေလေပြီသို့သော် ဤသို့သောဖြူ စင်ချင်းအား ဆေးချယ်ပေးချင်နေသော သူတစ်ယောက်ဟာလည်း အမြဲလိုလို ကလေးငယ်အနား ရွှေစွန်ညို မယ်ထွေးလိုလို့ဝဲနေသည့်အလား ဝဲနေမည်မှာလည်း လွဲဟန်မရှိ
@
@
@
နေဝင်သည့် ရှုခင်း၏အလှနှင့် ကလေးငယ်၏ ပျော်ရွှင်မှု့အလှတရားဟာ ယှဉ်ပြို င်နေလေသည် စတွေ့ထဲကလိုပင်အုန်းမို့ခွက်လေးလိုမို့မို့လေးနှင့်ဆံပင်လေးများဟာလည်း ဆီမကူထားသောကြောင့်လေပြည်က ပင်သယ်ဆောင်သွားတော့မည့်အလား နေဝင်ချိန်မို့ ပုစွန်ဆီရောင်သမ်းနေသော ကောင်းကင်ပြင်ကြီးဟာလည်း သည်ခေတ်အတွက်ကလေးငယ်၏ အလှနှင့်ယှဉ်လျှင် မှေးမှိန်သွားသည့်အလား တစ်ချိန်က စာဆိုတော်များသည် သည်အချိန်အား မနှစ်သက်ဖွယ်အသွင်ရှိသောသူများကိုပင်လှပအောင်ဖမ်းစားနိင်သည် ဟုရေးဖွဲ့ခဲ့ကြလေသည် ထိုနည်းတူစွာကလေးငယ်၏ အလှဟာ လည်း အလှပေါ်အလှဆင့်နေသည့်အလား

* အိုကလေးငယ် မင်းကိုယ့်ကို အင်မတန်ဖမ်းစားလွန်းတယ်ကွာ *

" ညီ "

နူးညံ့ခြင်းများစွာဖြင့် ထုံးဖွဲ့အပ်သော အသံသဲ့သဲ့ဖြင့် ခေါ်လိုက်သောအခါဝယ်
ပါးချိုင့်လေးများခွက်ကာဝင်သွားသည်
အထိပြုံးပြကာထူးလာပါသောကလေးငယ်

Love From Singapore Chinatown( completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ