Chapter -6 ( Love is infinity number) part-5

128 19 31
                                    

Chapter -6 ( Love is infinity number)
part-5

" Ge သူ့အကြောင်းစုံစမ်းထားတာတွေသိရပြီလား ဟင် သူ့ကိုကြည့်ရတာ အရမ်းထူးဆန်းနေတယ် သားကိုလည်းမှတ်မိတယ့်ပုံလည်းမပေါ်ဘူးဗျာ "

ဆံပင်များအားထိုးဖွလိုက်ကာ စိတ်မရှည်သောလေသံဖြင့် ပြောလာသော ယွန်းကြောင့်  သူရိန်ခပ်ယဲ့ယဲ့လေးသာပြုံးမိလေသည် ဒီကလေး ဟာ အမြဲစိုးရိမ်စိတ်ကြီးပြီး စိတ်ပူတတ်လွန်းတတ်တယ့်သူမှန်းသူသိပါသည် သို့သော်ယခုကိစ္စတွင်တော့ ယွန်းခေါင်းအေးအေးထားဖို့လိုလေသည်
မဟုတ်ရင်သူ၏ စိုးရိမ်စိတ် ဟာ သူ့အား အနိင်ယူသွားပေလိမ့်မည်

" စိတ်ရှည်ကောင်လေးစိတ်ရှည် ဒီနေ့ ရှယ်ယာရှင်အစည်းအဝေးပြီးရင် ထမင်းစားဖိတ်လိုက်မယ် Ge သူ့ကိုမသကာင်္စရာတွေအများကြီးတွေ့ထားတယ် ကောင်လေး "

မသင်္ကာစရာဟူသောသူရိန်၏ စကားကြောင့် မတ်တပ်ရပ်ကာကော်ဖီသောက်နေသော သူရိန်ထံသို့ ယွန်း၏ အကြည့်လေးတစ်စုံဟာ ချက်ချင်းဆိုသလို ရောက်ရှိလာလေသည် ထိုအကြည့်တွင်
မျှော်လင့်ချက်ဟူသော ရောင်စဉ်ငယ်လေးဟာ လည်း မှိန်ဖျော့ဖျော့လေး သမ်းနေသည်ကို သူရိန်သတိထားမိသောကြောင့် ယွန်း၏ ဆံပင်နုနုလေးများအားပွတ်သတ်ပေးလိုက်ပြီး
" ကောင်လေးက သန်မာလာပြီပဲ စိတ်ရှည်နော် Ge အခုမပြောပြနိင်သေးတာက အကြောင်းရှိလို့ပါ စိတ်မပူနဲ့Ge အကုန်စုံစမ်းထားပြီးသား သတင်းတစ်ခုကိုစောင့်နေတာ အဲ့သတင်းကိုသော်တာစီက ကြားရတာနဲ့ Ge တို့လှုပ်ရှားလို့ရပြီ ဘာမှမပူနဲ့ "

ထိုအခါမှ ကျလုဆဲဆဲမျက်ရည်လေးများအား ပြန်လည်ကာ ပွတ်သတ်လိုက်ပြီး

" Ge ဒါဆို လည်း သွားရအောင် လေ ခဏနေMeeting စတော့မှာ "

" Ok !!"
@
@
@
@ Meeting Room
" ကယ် ဒါဆို အမရာ အခြားသောရှယ်ယာရှင်တွေကလည်းသဘောတူတယ်ဆိုတော့ အမရာလည်း ကျေကျေနပ်နပ်ကြီး လက်ရှိ ဥက္ကဌ ရာထူးကနေ ဆင်းပေးမယ်လို့ကျွန်တော်ထင်ပါတယ် "

သြဇာသံခပ်သဲ့သဲ့ ကိန်းသော Ge၏ စကားသံကြောင့် အမရာ ဖြု န်သွားဟန်တူပါသည် ကိုသော်တာ၏သက်ဆိုင်သူမှန်း
သိသောကြောင့်လည်းဖြစ်မည်ထင်ပါသည် Ge ကို ထိလျှင် အမရာ၏ နောင်ရေးကောင်းနိင်လိမ့်မည်မဟုတ် ထို့ကြောင့် စကားတစ်ခွန်းမှခွန်းတုံ့ပြန်ချင်းမရှိဘဲ သက်ဆိုင်ရာ
စာချု ပ်စာတန်းများအားလက်မှတ်ထိုးပေးလိုက်ပြီး အစည်းအဝေးခန်းမထဲမှထွက်သွားဖို့ရန်ပြင်နေလေသည် သို့သော်

Love From Singapore Chinatown( completed)Where stories live. Discover now