Chapter-6Chapter -6 ( Love is infinity number) part-6 final part

289 18 26
                                    

Chapter-6Chapter -6 ( Love is infinity number)
part-6 final part

" ဒါဆို အဲ့လူက ကိုသည်ခေတ်ရဲ့အမွှာအကိုပေါ့ အဲ့လိုလား Ge "

မမျှော်လင့်ခဲ့သောစကားတစ်ခွန်းကြောင့် မူးမေ့လဲမလိုဖြစ်ပြီးယိုင်နဲ့နဲ့ ဖြစ်သွားသော ယွန်းကြောင့် သူရိန် အလျင်အမြန်ပဲ ထိန်းကိုင်ပေးလိုက်လိုက်လေသည်။
နဂို နှလုံးရောဂါအခံရှိသူမို့ သူရိန်ပြောပြနေရသော်လည်းစိတ်ကမခိုင်ချင်
ဒီကလေးဟာ အပြင်ပန်းသန်မာသလိုရှိနေသော်လည်း ပကတိအတွင်းစိတ်အားဖြင့် အင်မတန်နူးညံ့သောကလေးဟာ အဘယ်သောအကုသိုလ်ကံအကျိုးပေးကြောင့်ဒီဘဝမှာ ဒီလို တွေခံစားနေရတယ်ဆိုတာလည်းသူရိန်နားမလည်သလိုလိုက်လည်းမမှီနိင်ကံတရားဟာ ဆန်းကြယ်လွန်းသည်မဟုတ်ပါလား . . . . 

" သတိထားမှပေါ့ ကလေးရယ် အမရာ က သူ့Company ဒေဝါလီခံရတော့မှာမို့လို့ အမရာ အကွက်ဆင်တာ တွေ သည်ခေတ်သော်တာ ခံလိုက်ရတာ သည်ခေတ်နေ မှာလည်းတစ်ကယ်တော့အပြစ်မရှိဘူး
ကလေး ဒါတွေ အကုန် လုံးက အမရာရဲ့ လှည့်ကွက်တွေ ကယ်ပါ ထိုင် ကိုသော်တာ ရှင်းပြလိမ့်မယ် "

ပခုံးလေးတစ်ဖက်အားဖက်ကာဖြင့်ထိန်းပေးထားရာမှ ဘေးရှိ Sofa ပေါ်တွင် ယွန်းအားထိုင်စေပြီး သော်တာရှင်းပြသည်ကိုနားထောင်စေလေ
သည်

" ဒီလို ညီလေး အမရာက အလောင်းကစားအရမ်းဝါသနာပါတယ် မိုးကုတ်မှာ  ကျောက်အလောင်းကစားတွေလည်း
လုပ်တယ်သီလသမာဓိမကောင်းသလို ကံမပါတယ့်အတွက်ကြောင့်အမြဲ ရှံးတယ် တရုတ်လောပန်ကြီးတွေစီမှာလည်း အကြွေးတွေသိန်းသောင်းဂဏန်းထိရှိ
လာတယ်လေသူပိုင်တယ့် မြစ်ဟောင်းကလည်းကျောက်ကထင်
သလောက်မထွက်တော့ မြန်မာပြည်ကကုန်စည်ပြပွဲတွေမှာတောင် အမရာရဲ့ Company က ပါဝင်ခွင့်မရှိတော့ဘူး နောက်ဆုံး သည်ခေတ်တို့ညီအစ်ကို၂ယောက်ရဲ့ အမေနဲ့အဖေရှိစဉ်က ပါးစပ်ပြောနဲ့သဘောတူထားတယ့်
သည်ခေတ်သော်တာ နဲ့စေ့စပ်ထားမယ်ဆိုတာကို အမရာက ပြန်ဖော်ပြီး သည်ခေတ်ကိုလာကပ်တယ် သည်ခေတ် က ငြင်းတော့ သည်ခေတ်ကို အကောက်ကြံတယ် အကိုအခုချိန်ပြောနိင်တာက သည်ခေတ်အသက်ရှိသေးတယ်ဆိုတာတော့ ပြောနိင်တယ် ဘယ်မှာလဲဆိုတာတော့ အမရာပဲသိလိမ့်မယ်  သည်ခေတ်သော်တာနေရာမှာ သည်ခေတ်နေကို အစားထိုးပြီးအမရာက လူတိုင်းကိုလှည့်စားထားတာ ညီ ဟင်းးးးးး!!!!!!!! "

Love From Singapore Chinatown( completed)Where stories live. Discover now