Chapter-5

1.2K 96 0
                                    

Zawgyi

ဘာလိုလိုနှင့် ဟန်နှင့်ပိုင်တို့တွဲတာ နှစ်လကျော်လောက်တောင်ရှိနေပြီဖြစ်သည်။ဆက်ကလည်း သူတို့ကျောင်းကိုပြောင်းလာပြီလေ။ဆက်ကမိန်းကလေးတွေကြားမှာ တော်တော်လေးကိုနာမည်ကြီးသည်။တစ်ခါတလေ သူပင်မနာလိုဖြစ်ရသည်အထိ။

ဆက်ကိုသဘောကျသည့်ကောင်မလေးတွေထဲကမှ သူနှင့်ဆက်ကိုသဘောတူနေသည့် ဝတ်ရည်လိုလူထူးလူဆန်းတစ်သိုက်ကလည်း ရှိသေးသည်။ဆက်ကသူ့ကိုဂရုစိုက်တာတွေကြောင့်နှင့်တူပါသည်။

သူ့အတွက်ကတော့ ထိုအရာတွေမှာနေသားကျနေပြီမို့ ကသိကအောက်နိုင်တာတော့မဖြစ်မိ။ဒါပေမယ့် ပိုင်ကတော့သူတို့နှစ်ယောက်ကို သဝန်တိုတတ်သေးသည်။အဲ့ဒီလိုအချိန်တွေဆို သူ့ခမျာရယ်ရမလို၊ငိုရမလိုနှင့်။

ဒါပေမယ့် တစ်ခါတလေကျတော့လည်း အဲ့လိုသဝန်တိုတာက တော်တော်လေးကိုချစ်စရာကောင်းသည်။ပိုင်ကသူ့ကိုသဝန်တိုသည်ဆိုသည့်အသိက ရင်ထဲမှာတသိမ့်သိမ့်နှင့်ပင်။ကြည့်ရတာသူရူးနေပြီနှင့်တူပါသည်။

Fresher Welcome နေ့.....

ဆက်နှင့်ပိုင်က selection ထဲမှာပါသောကြောင့် မနက်ကတည်းက အလုပ်ရှုပ်နေကြသည်။ထို့ကြောင့် ဟန့်မှာဝတ်ရည်လက်ကိုဆွဲရင်း ဟိုလိုက်ကြည့်လိုက်၊ဒီလိုက်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေသည်။စင်ပေါ်က ကိုကို့ပုံစံကသိပ်ကိုကြည့်လို့ကောင်းတာပဲ။

အကုန်ရွေးချယ်လို့ပြီးသွားတော့ နောက်ဆုံးစာရင်းထွက်ပေါ်လာသည်။အားလုံးမှန်းထားသည့်အတိုင်းပင် ပိုင်က King ရသွားသည်။ပိုင့်ကိုစင်အောက်မှကြည့်ရင်း ဟန်ကတော့ တစ်ယောက်တည်း တိုးတိုးလေးဂုဏ်ဆာလျက်။

ခဏနေတော့ ပိုင်ကသီချင်းဆိုရသည်။ထွက်ပေါ်လာသော အသံကြည်ကြည်လေးက ဟန့်ရင်အစုံကိုလှုပ်ခတ်စေသည်။ပိုင့်အသံကသိပ်ကိုနားထောင်လို့ကောင်းတာပဲ။ဒီလိုမျိုးပြည့်စုံနေတဲ့သူကို ပိုင်ဆိုင်ရတာလည်း သူသိပ်ကိုကံကောင်းလွန်းလှသည်။

သီချင်းသံညိမ့်ညိမ့်လေးကို နားထောင်နေရင်း ညာဘက်မျက်ဝန်းမှမျက်ရည်တစ်စက်ကပေါက်ခနဲ။ဝတ်ရည်ကတော့ သူ့ကိုကြည့်ပြီး အထူးအဆန်းတွေဖြစ်လို့။ဘယ်လိုဖြစ်လို့အဲ့လောက်တောင် အဖြစ်သည်းနေရတာလဲ။

Not First But LastWhere stories live. Discover now