part 4

2.3K 188 5
                                    

Unicode&Zawgyi

(Unicode)

"ကော ခုနက ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာ...."

ဝမ်ရိပေါ်  မျက်ဝန်းတို့က ရောင်စုံ ပြိုးပြိုးပြက်ပြက် လင်းလက်လာတော့သည်။

"အဟမ်း....ဘာကိုလဲ...."

ရှောင်းကျန့် ချောင်းအသာဟန့်လိုက်ပြီး
ဝမ်ရိပေါ် ရင်ခွင်တွင်းက ထွက်လိုက်သည်။

"ဘယ်ကို ထွက်ပြေးနေတာလည်း....ခုနလိုလေး နောက်တစ်ကြိမ် ပြန်ခေါ်ပေး...."

ဝမ်ရိပေါ်မှာ မိမိရင်ခွင်တွင်းက ရုန်းထွက်နေသော ရှောင်းကျန့် ကို ပြန်လည်ထွေးပွေ့ရင်း လိုချင်တာ ရအောင် တောင်းဆိုနေမိသည်။

"ရိပေါ် ...."

"မဟုတ်ဘူးကွာ....ကော.... ကြားချင်လို့ပါ နောက်တစ်ကြိမ် ထပ်ခေါ်ပေးနော်..."

"ဝမ်ရိပေါ်..?.. !"

ရှောင်းကျန့်  နှုတ်ခမ်းစွန်းထက် အပြုံးလေးကို ချိတ်ဆွဲရင်း တမင်လှည့်ပတ်ကာ ပြောရင်း စနောက်လို့နေသည်။

"ကော...."

ဝမ်ရိပေါ် မျက်နှာသည်ကား မှုန်သိုး၍ လာချေသည်။

ရှောင်းကျန့်မှာ.... ဝမ်ရိပေါ် ၏ ဆူပုတ်နေသည့် မျက်နှာကိုကြည့်ပြီး အပြုံးကနေ အနည်းငယ်ရယ်သွမ်းသွေးသည့်ဖက်သို့ ကူးပြောင်းလာသည်။

"ရယ်ရလို့လား...."

"ဟင့်အင်း...."

"ကော က ကျွန်တော့်ကို မချစ်ဘူး...."

"ဟမ်..."

"ကော နေရာမှာ ကျွန်တော်ဆို ကိုယ့်ယောကျာ်း အလိုရှိနေတာကို ချက်ချင်းပေးလိုက်မှာ....ဘာလို့ စကားလေးတစ်ခွန်းပြောဖို့တွန့်တိုနေရတာလဲ..."

"ဒီစကားလေး မပြောတာနဲ့ပဲ ...
ကိုယ်က မင်းကို မချစ်ဘူးလို့ယူဆတယ်ပေါ့...ဟုတ်လား...."

"အင်း....အဲ့လို မယူဆစေချင်ရင် ထပ်ခေါ်ပေး...."

"ရိပေါ် ကိုယ်ထင်ခဲ့တာ မင်းကိုနတ်ဆိုးလေးလို့....
တကယ်က  ကလေးဆိုးလေးဖြစ်နေတာပဲ...."

ရှောင်းကျန့်မှာ အပြုံးမပျက် ထပ်မံ စနောက်လာပြန်သည်။

"....."

A smile: A hate (အပြုံးတစ်ပွင့် အမုန်းတစ်ခက်)(completed) Where stories live. Discover now