part 6

2K 180 2
                                    

Unicode&Zawgyi

(Unicode)

ရှောင်းကျန့် ....PR group ကနေ ပြန်လာချိန်တွင် သူ့ဆီ ဖုန်းဝင်လာသည်။

"ကိစ္စ ရှိလို့လား..."

ရှောင်းကျန့်  ၏ အေးစက်စက် အသံက ထိုဖုန်းအား ပြန်လည် ဖြေကြားလာ၏။

"သခင်လေး....ကျွန်တော်တို့ အဆင်သင့်ဖြစ်ပြီ...."

တစ်ဖက်က ဖုန်းဆက်လာသူက တလေးတစား ဖြေကြားလာ၏။

"ငါ သိပြီ...နောက်ထပ် ငါ့ညွှန်ကြားချက်
မရမချင်း မလှုပ်ရှားနဲ့ဦး...."

"သိပါပြီ....သခင်လေး...."

"ခဏ....စွေ့ကျိုး....ဟန်စွေ့ကျိုး ကို စောင့်ကြည့်ဖို့ လူတစ်ယောက် လွှတ်လိုက်....
သူ့ကို တစ်ခုခု မလုပ်စေနဲ့....ပြီးတော့ တစ်ခုခုလည်း မဖြစ်စေနဲ့..."

"ဟုတ်ကဲ့ပါ.... သခင်လေး...."

ရှောင်းကျန့်  ဖုန်းပြောပြီးသည်နှင့် သူ့ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို ဖျက်လိုက်သည်။

ယခုအခါ ရှောင်းကျန့် ၏ မျက်နှာမှာ နူးညံ့တဲ့ အငွေ့အသက် မြူ မှုန်တောင်မရှိပေ။

သွေးဆာရက်စက်သည့် အသွင်သဏ္ဍာန်  က အပြည့်အဝ လွှမ်းခြုံထားသည်။

ရှောင်းကျန့်.... အလုပ်ကိစ္စအတွက် စီစဉ်စရာရှိတာ စီစဉ်ပြီးသည်နှင့် ဝမ်ရိပေါ် ဆီသို့ ပြန်လာခဲ့သည်။

"ရိပေါ်...ကိုယ်တို့ နေ့လည်မှာ ကျင်းပမယ့် ညှိနှိုင်းမှုအတွက် ကိုယ်အားလုံး စီစဉ်ပြီးပြီ....."

ဝမ်ရိပေါ် စကားတစ်ခွန်း မဆိုဘဲ မျက်ခုံး တစ်ချက်ပင့်လိုက်ကာ အေးစက်သည့်အသွင်ဖြင့် ရှောင်းကျန့်ထံ ကို စိုက်ကြည့်လာသည်။

ဝမ်ရိပေါ်  မှာ ကုမ္ပဏီ မှာ ရှိသည့် ကင်မရာ အားလုံးကို သူ့အခန်းထဲကနေ ထိန်းချုပ်ထားသည်။

စောင့်ကြည့်ရေး ကင်မရာအားလုံး၏ မြင်ကွင်းများက ဝမ်ရိပေါ်၏ ကွန်ပျူ တာ မျက်နှာပြင်တွင် ပေါ်နေသည်။

ဝမ်ရိပေါ် အစက ထိုကဲ့သို့ ပြုလုပ်ထားခြင်း
မရှိပါ။
အချိန်တိုင်း ရှောင်းကျန့် ကို မြင်တွေ့ချင်နေသည့် သူ့ရဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် စောင့်ကြည့်ရေးကင်မရာ အားလုံး ကို သူ့အခန်းထဲက ကွန်ပျူ တာနဲ့ ချိတ်ဆက်ထားခဲ့သည်။

A smile: A hate (အပြုံးတစ်ပွင့် အမုန်းတစ်ခက်)(completed) Where stories live. Discover now