part 9

1.8K 153 0
                                    

Unicode & Zawgyi

(Unicode)

ဂျပန်သို့ သွားသည့် flight ပေါ်၌...

ဝမ်ရိပေါ်မှာ  တည်ငြိမ်စွာ ထိုင်နေသော်လည်း အတွေးတို့က ပျံ့လွှင့်နေဟန်။

"ရိပေါ်..."

ဝမ်ရိပေါ်  ဘေးနားတွင် ထိုင်လို့နေသည့်
လင်ရှန်းက စကားဆိုလာသည်။

လင်ရှန်း က ဝမ်ရိပေါ်  ၏ အယုံကြည်ရဆုံးလူတစ်ယောက်ဖြစ်သလို ငယ်သူငယ်ချင်း လည်း ဖြစ်သည်။

"အင်း...."

"ရိပေါ် ဒီတစ်ခေါက် ကိစ္စက မရိုးရှင်းဘူးလို့ ထင်တယ်....
မင်းလည်း သတိထားမိတယ် မလား ....
လွန်ခဲ့တဲ့နှစ်လကတည်းက ငါတို့ လုပ်ငန်းတွေ သိသိသာသာ ထိခိုက်လာတာကို...."

"...."

"ငါထင်တာတော့ ငါတို့တွေ သတိထားရတော့မယ်...ငါတို့ထဲမှာ သူလျှိုရှိနေပြီ...."

"ရှန်း....သူက ဘယ်သူလို့ ထင်လဲ...."

ဝမ်ရိပေါ် အကြည့်တို့က အဝေးသို့
လွှဲဖယ်လျှက် မေးမြန်းလာသည်။

"မသိဘူး.....စုံစမ်းဖို့ ခဲယဥ်းတယ်
ခြေစလက်စ မကျန်ဘူး...."

"အချိန်တန် ရင် သိရမှာပေါ့.....ပြီးရင် သူ့ကို ဘယ်သူမှန်းမသိအောင်ကို အရေခွံစုတ်ပေးရမယ်...."

ဝမ်ရိပေါ်၏ မျက်ဝန်းထဲ၌ အေးစက်ကာ ရက်စက်သည့်အသွင်အပြည့်ဖုံးလွှမ်းလို့ နေ၏။

ဝမ်ရိပေါ်  တို့ ထိုနေ့ည မနက်၂နာရီတွင်
ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိသည်။

ဝမ်ရိပေါ်  ဟိုတယ်သို့ ရောက်သည်နှင့်
ရှောင်းကျန့် ဆီ ဖုန်းဆက်လိုက်သည်။

ရှောင်းကျန့် အိမ်မည် ကြံနေတုန်း ဝမ်ရိပေါ်ထံမှ video call ဆက်သွယ်လာသော
ကြောင့် ကိုင်လိုက်သည်။

"အင်း...ရိပေါ်..ရောက်ပြီလား.... "

"ရောက်ပြီ...အခု ဟိုတယ် မှာ ကော ရော
အိပ်နေပြီလား... ကျွန်တော် ကြောင့် ကော
နိုးသွားတာလား...."

"မဖြစ်ပါဘူး....ကိုယ် မအိပ်ရသေးပါဘူး...
ဒီတော့ မင်းကိုယ့်ကို နိုးလိုက်သလို မဖြစ်ပါဘူး...."

A smile: A hate (အပြုံးတစ်ပွင့် အမုန်းတစ်ခက်)(completed) Where stories live. Discover now