part 11(final)

3.8K 180 41
                                    

Unicode & Zawgyi

(Unicode)

လေအေးတို့က တဖျတ်ဖျတ် တိုက်ခတ်နေသည်။

ကြယ်ရောင်တို့ လင်းလက်နေသော အနက်ရောင် ကောင်းကင်အောက်တွင် အနက်ရောင် ကားသုံးစီးက အဝေးပြေးလမ်းမထက် လျှင်မြန်စွာ ရွေ့လျားနေသည်။

ထိုအဖွဲ့မှာ ဝမ်ရိပေါ်  တို့ပင်။

ယခုအချိန်မတိုင်ခင်......

ဝမ်ရိပေါ် .... ရှောင်းကျန့်  ထံသို့ အဆက်အသွယ် လုပ်ခဲ့သော်လည်း မရပေ။

တဖန် ရှောင်းကျန့် ၏ လက်ထောက်ထံ
ဖုန်းဆက်ပြန်တော့လည်း ရှောင်းကျန့် မှာ ကုမ္ပဏီသို့ ရောက်မလာဟု ပြောခဲ့သည်။

ဒါဆို ရင် အခု ရှောင်းကျန့်  က မည်သည့်နေရာတွင် ရှိနေသနည်း။

ရှောင်းကျန့်  နဲ့ မိမိမှာ တစ်ခါမှ အဆက်အသွယ် မပြတ်တောက်ဖူးပေ။

တစ်ဖက်က လျှို့ဝှက်သည့် အဖွဲ့က ပြန်ပးဆွဲသွားခဲ့သည်လား။

ဝမ်ရိပေါ် တွေးလေ တွေးလေ... မစဥ်းနိုင်တော့လေ ဖြစ်နေ၏။

ရှောင်းကျန် သာ တစ်ခုခု ဖြစ်လျှင်
ဝမ်ရိပေါ် သူ ရူးသွပ်သွားလိမ့်မည်။

"Shitttt...ငါ သူ့ကို ငါနဲ့အတူခေါ်ခဲ့သင့်တာ...."

ဝမ်ရိပေါ် မျက်နှာကို လက်နဲ့ အကြမ်းပတမ်းပွတ်သပ်လိုက်သည်။

"ရိပေါ်... မင်းရဲ့ ကော ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး....စိတ်အေးအေးထား.....
တစ်ဖက်က အဖွဲ့က ငါတို့ဆီက အကျိုးအမြတ် လိုချင်လို့ ဒီလို လုပ်တယ်လို့ ငါထင်တယ်...."

"ရှန်း.....သူတို့သာ သူ့ရဲ့ ဆံခြည်မျှင် တစ်မျှင်ပဲ ထိကြည့်....
သူတို့ မြုပ်စရာမြေမရှိ ဖြစ်သွားစေရမယ်...."

"ဝုန်း*******ဝုန်း...."

ကြယ်ပင်လယ်အောက်မှ အထီးကျန်ပြီး
လျှင်မြန်စွာ ရွေ့လျားနေသော  ကားသုံးစီးဟာ လှပတဲ့ မီးတောက် များ အသွင်
ပြောင်းလဲသွားခဲ့သည်။

တစ်စီးပြီးတစ်စီး အရှိန်ပြင်းစွာ ပေါက်ကွဲထွက်ကာ လမ်းပေါ်တွင် ကြီးမားသည့် မီးတောက် မီးလျှံများသာ ကျန်ရစ်ခဲ့သည်။

🎉 You've finished reading A smile: A hate (အပြုံးတစ်ပွင့် အမုန်းတစ်ခက်)(completed) 🎉
A smile: A hate (အပြုံးတစ်ပွင့် အမုန်းတစ်ခက်)(completed) Where stories live. Discover now