part 8

1.9K 172 13
                                    

Unicode&Zawgyi

(Unicode)

"ကော... ဘာဖြစ်လို့လဲ... "

ဝမ်ရိပေါ် ...  စိတ်အခြေအနေ မကောင်းတော့မှန်း နားလည်သည်။

ဝမ်ရိပေါ် အနေနှင့် ထို ပြီးခဲ့ပြီးသည့်
ပြဿနာ ကို ရှင်းပြချင်သည်။

သို့သော် အချိန်မတန်သေးသလို ရှောင်းကျန့်  သိစရာ လည်း မလိုအပ်ပေ။

ယခု အချိန်တွင် အရေးကြီးဆုံးက
မိမိအနေနှင့် ရှောင်းကျန့်  ကို မြတ်နိုးသည်။  ချစ်သည်။
အချိန်နှင့် မလပ် ထွေးပိုက်ထားချင်သည်။
ရှောင်းကျန့် သည်ကား ဝမ်ရိပေါ်  အတွက် တစ်ဘဝလုံး ဖြစ်သည်။

"ကိုယ်.. ဘာမှ မဖြစ်ပါဘူး...."

ရှောင်းကျန့် သူ့ရဲ့ ချိုမြိန်လှတဲ့ အပြုံးလေးနဲ့ တုံ့ပြန်လာသည်။

"ကော... "

"ရိပေါ် ကိုယ်တို့ သွားကြရအောင်... အစည်းအဝေး စဖို့ နာရီဝက်ပဲ လိုတော့တယ်..."

ရှောင်းကျန့်  မှာ ပြုံးနေသော်လည်း အသံက အနည်းငယ် အေးစက်နေသည်။

ဝမ်ရိပေါ်  သိသည် ။ ရှောင်းကျန့်  စိတ်ဆိုးနေသည်ကို။

"ကျွန်တော် မပြောပြချင်လို့...မဟုတ်....."

"🎶🎶🎶"

ဝမ်ရိပေါ်... စကားဆုံးအောင်ပင် မပြောရသေး ဖုန်းကောလ် ဝင်လာသည်။

ဝမ်ရိပေါ်  ဖုန်းလက်ခံ စကားပြောပြီးသည်နှင့်
အကြည့်တို့က ခက်ထန်လာသည်။

"ရိပေါ်  ဘာဖြစ်လို့လဲ...."

ရှောင်းကျန့်မှာ မည်သည့်ပြဿနာ ကြောင့်
ဝမ်ရိပေါ် ဤကဲ့သို့ ခက်ထန်သွားသည်ကို
သိသည်။

သို့သော် သူမေးမြန်းဖို့ လိုသေး၏။

"ပစ္စည်း တင်ပို့မှု ပြဿနာဖြစ်သွားတာ...
ကော ကျွန်တော် ဂျပန်ကို သွားမှ ဖြစ်မယ်..."

"ကိုယ်ပါ လိုက်ဖို့ လိုအပ်လား...."

"မလိုဘူး....ကော က ဒီက ကိစ္စ တွေကို
စီစဥ်စရာရှိတာ စီစဥ်ထားလိုက်ပါ..."

"ကိုယ် သိပြီ.. ကိုယ် မင်းသွားဖို့ အသင့်ပြင်ထားလိုက်မယ်...."

A smile: A hate (အပြုံးတစ်ပွင့် အမုန်းတစ်ခက်)(completed) Where stories live. Discover now