SS - 2

3.9K 508 47
                                    

တအုန်းအုန်းရွာနေသော မိုးသည် ညနေက ခန့်မှန်းထားသလို မနက်ဖြန်အထိ မနားတမ်းရွာဖို့ ကြိုးစားနေကြသလားမသိ။ ခဏဆိုရုံလောက်သာ တိတ်သွားပြီး သည်းကြီးမည်းကြီး ဆက်လက်
ရွာလေပြန်တော့သည်။

အချိန်အားဖြင့် ညဆယ့်တစ်နာရီနား ကပ်နေပြီမို့ အိပ်ယာဝင်ရန် အသင့်တော်ဆုံးအချိန်ဖြစ်နေပြီဟုဆိုနုိင်သည်။ ခါတိုင်းဆို ညဥ့်နက်မှ အိပ်ယာဝင်ဖြစ်သော်လည်း မနက်ဖြန်မနက်အစောကြီးထပြီး အလုပ်ကိစ္စနှင့် ခရီးတုိလေးထွက်ရအုံးမည်မို့ ပုံမှန်ထက် ခပ်စောစောလေး အိပ်ယာဝင်ဖြစ်လေသည်။ အိပ်နေကြ တစ်ယောက်အိပ်ကုတင်လေးပေါ် ပစ်လှဲချလိုက်မိတော့တစ်နေကုန် ပင်ပန်းညောင်းညာထားသမျှ သက်သာသွားသလို ခံစားလိုက်ရပြီး မျက်လုံးများလည်း အနည်းငယ် မှေးစင်းလာပြီမို့ အနားယူအိပ်စက်ရန်ကြိုးစားလိုက်လေသည်။ ချမ်းစိမ့်နေအောင် အေးသော ခံစားမှုမျိုးမဟုတ်ပေမဲ့ မိုးရွာနေရင် စောင်လေးခြုံထားမှ နေသာသလိုရှိသောသူမို့ ကုတင်ခြေရင်းမှ စောင်ပါးပါးတစ်ထည်ကုိ ခြေထောက်ဖြင့် လှမ်းယူကာ ဆွဲခြုံလိုက်ပြန်သည်။ ထို့နောက် အပြိုင်အဆုိင်ပြိုအိကျလာသော မျက်ခွံတွေ၏အလိုအတိုင်း အိပ်စက်ခြင်းဆီသို့ အလည်တစ်ခေါက်..။

"ဂျိန်း! ~~"

အိပ်ပျော်သွားပြီဟုတောင် ထင်ရသည့်အချိန်တွင်
ကျယ်လောင်စွာ မြည်ဟီးသွားသော မိုးခြိမ်းသံကြောင့် သူ့မျက်လုံးများ ဖျတ်ခနဲပွင့်လာကာ ငေါက်ခနဲ ထထိုင်လိုက်မိသည်။ ကျိန်းစက်နေသော မျက်လုံးများနှင့်အတူ ရုတ်တရက်ထလိုက်သည်မို့ ဦးခေါင်းထဲ၌ မိုက်ခနဲ။ သုိ့သော် ထိုဝေဒနာတွေကုိ ဂရုမစိုက်အား။ ကုတင်ပေါ်မှ ချက်ချင်းဆင်းလိုက်ကာ အခန်းထဲမှ ပြေးထွက်လာလိုက်မိတော့သည်။ ထို့နောက် ကပ်လျက်အခန်းဆီသို့ ခြေလှမ်းများကုိ ဦးတည်လိုက်တော့သည်။

ေလာခ့်မချထားသော တံခါးလက်ကုိင်ဘုကို
ဆွဲလှည့်လုိက်ပြီး ညအိပ်မီး မှိန်ပြပြလေးသာ ထွန်းထားသော အခန်းလေးထဲကုိရောက်တော့ စိုးရိမ်နေသည့် မျက်ဝန်းတွေက အခန်းထောင့်ရှိ ကုတင်ပေါ်မှ အိပ်ယာထက်ဆီ...။

MSFOMH Side Story(Completed) 💛जहाँ कहानियाँ रहती हैं। अभी खोजें