SS - 3

3.8K 470 71
                                    

"ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်သို့ မကြာမီ ဆင်းသက်ပါတော့မည် ဖြစ်ပါ၍ လိုက်ပါစီးနှင်လာကြသော ခရီးသည်များအနေဖြင့် မိမိတို့ရဲ့ ထိုင်ခုံမှ ခါးပတ်များကို စနစ်တကျ ပတ်ထားကြပါရှင်.. ကျေးဇူးတင်ပါတယ်"

လေယာဥ်မယ်လေး၏ ချိုသာသော အသိပေးကြေငြာသံ အဆုံးတွင် ငုိက်မြည်းနေရာမှ မျက်လုံးများပွင့်လာသူက တိမ်လွှာဦး။ ထို့နောက် မျက်နှာပေါ်တွင် အုပ်ထားသော စာအုပ်ကုိ ဖယ်လိုက်ပြီး
လျော့တိလျော့ရဲထိုင်နေသော ကုိယ်နေကုိယ်ဟန် အနေအထားကုိ ပြင်ထိုင်လိုက်တော့လေသည်။

အနည်းငယ်ပွယောင်းယောင်းဖြစ်နေသော ဆံပင်ရှည်တွေကုိသပ်ရပ်သွားအောင် လက်ဖြင့်သပ်တင်လိုက်ပြီး လည်ဟိုက်အင်္ကျီတွင် ချိတ်ထားသော နေကာမျက်မှန်အနက်ရောင်ကုိ ဖြုတ်လိုက်ကာ ကျိန်းစပ်စပ်ဖြစ်နေသော မျက်လုံးကုိ ကာသည့်အနေဖြင့် ကောက်တပ်လိုက်လေသည်။

ထို့နောက် လက်ကောက်ဝတ်မှ ငွေရောင် နာရီလေးကို ငုံ့ကြည့်လုိက်တော့ မြန်မာစံတော်ချိန် ညနေ ၄နာရီ ၁၀မိနစ်။

ပြတင်းပေါက်မှ လှမ်းမြင်နေရသော အမိမြန်မာပြည်၏ စိမ်းစိုလန်းဆန်နေသော မြင်ကွင်းတွေက
ရင်ထဲနွေးထွေးစွာ ဝင်ရောက်လာသလို အနည်းငယ်လှုပ်ခတ်လာသော ရင်ခုန်သံတွေက တင်းကြပ်နေေသာ နှလုံးသား၏အပြင်ဘက်သို့ ကဆုန်ပေါက်ထွက်လာပြန်လေသည်။

ဆယ်နှစ်နီးပါး ခွဲခွာခဲ့ရတုန်းက ဤမျှလောက် မခံစားခဲ့ရ။ နှစ်နှစ်ဟူသော အတုိင်းအတာတွင်မှ ထိုကဲ့သို့ဖြစ်နေသော မိမိ၏ခံစားချက်ကုိ အချိန်
ရသည့်အခါမှ ဆန်းစစ်ကြည့်ချင်မိသည်။

ယခုတော့ ပြေးလမ်းပေါ် ရှပ်တုိက်ပြေးနေေသာ လေယာဥ်ရပ်မည့်အချိန်ကိုသာ အာရုံစိုက်ထားဖြစ်တော့သည်။ မကြာမီ အမိမြေပြင်ကုိထိတွေ့ခွင့်ရတော့မည်မဟုတ်လား။

သိပ်မကြာခင် အချိန်မှာပင် ထိုးရပ်သွားသော
လေယာဥ်နှင့်အတူ အသိပေး စကားသံတွေ ထွက်ပေါ်လာသလို စုရုံးစုရုံး ဖြစ်သွားေသာ လေယာဥ်ပေါ်မှ ခရီးသည်တေွ...။

ကုိယ့်ခရီးဆောင်အိတ်ကိုယ်ဆွဲကာ လိုရာခရီးကုိ ဆက်ဖုိ့ လေဆိပ်အပြင်ဘက်သို့ အလျုိလျို လျှောက်လာကြသော ခရီးသည်တွေ...။

MSFOMH Side Story(Completed) 💛Where stories live. Discover now