SS - 4

3.1K 439 60
                                    

"ဘုန်း!"

ပခုံးပေါ်မှ လွယ်အိတ်ကုိ ကုတင်ပေါ် ဘုန်းခနဲပစ်ချလိုက်ပြီး စိတ်ရှုပ်သလို ခေါင်းကို တချက်ကုတ်လိုက်မိသည်။ ထို့နောက် မှန်ရှေ့တွင် မတ်တတ်ရပ်ကာ ကိုယ့်မျက်နှာကုိ ကုိယ်ပြန်ကြည့်လိုက်လေသည်။ အနည်းငယ် နွမ်းနေေသာ မျက်နှာထက်တွင် မသိမသာဖြတ်ပြေးနေသော ဒေါသငယ်တချို့။

ဒေါသမထွက်ဖြစ်တာ အတော်ကြာသွားပြီဖြစ်သလို ယခုလိုထောင်းခနဲ ဖြစ်လာသည့် အချိန်တွင်လည်း ဟိုးအရင်ကလို ချုပ်တည်းနိုင်စွမ်းမရှိသေး။ ပြောင်းလဲလာတာတွေ အများကြီးရှိပေမဲ့
မပြောင်းလဲနိုင်တာတွေကလည်း ဆက်လက်ရှိနေသေးသည်။

တစ်ညအိပ် ခရီးတိုဟု သတ်မှတ်ပြီး သွားခဲ့သော်လည်း အချိန်မတိုင်ခင်ပြီးပြတ်သွားသော အလုပ်ကိစ္စများကြောင့် နေ့ချင်းပြန်ပင် အိမ်ကုိဝမ်းသာအားရ အပြေးပြန်လာမိသူ။ ခရီးရောက်မဆုိက် တွေ့မြင်လိုက်ရသော မြင်ကွင်းက မျက်လုံးများ ပျာတက်သွားမိသည်အထိ။

မဟုတ်ဘူး ဆိုတာ သိပေမဲ့ ခံစားရခက်သော ဤဝေဒနာ။ ကလေးဆန်စွာ ငေါ့ပြောလိုက်ပြီး ရန်တွေ့မိသည်ကလည်း မိန်းမဆန်စွာ။
နှစ်ရှည်လများ မတွေ့ရဘဲ ခွဲခွာထားရသော ငယ်သူငယ်ချင်းကုိ နွေးထွေးစွာ မကြိုဆိုမိဘဲ ရန်စကားဖြင့် နှုတ်ဆက်လိုက်ရခြင်းအပေါ် ရှက်သည့်စိတ် ဝင်မိပြန်သည်။

သို့သော် မနာလိုခြင်း၊ အူတိုခြင်း တရားတွေက အလေးသာသွားသည်မို့ ရည်ရွယ်ရှိရှိကုိ အပြစ်တင်ခဲ့လိုက်မိသည်။ ဆောရီး တိမ်လွှာ။

"ဟာကွာ ....မသိတော့ဘူး"

အသံထွက်ပြီး ညည်းညူမိသည်အထိ စိတ်များရှုပ်ထွေးလာရသည်မို့ ခေါင်းကုိ နောက်တကြိမ် ခပ်ကြမ်းကြမ်းကုတ်လိုက်တော့သည်။ ထို့နောက်
ကုတင်အစွန်းနားတွင် ကပ်ထိုင်ချလိုက်ကာ ညောင်းချိနေသော ခြေထောက်တွေကုိ အနားပေးလိုက်မိတော့သည်။

တစ်နေကုန် ဟိုပြေးဒီပြေး အလုပ်ခွင်ကြားထဲ ပင်ပန်းလာသည်ကြောင့်လားမသိ ထိုင်ချလိုက်သည်နှင့် သိသိသာသာ ညောင်းနေသည်များကုိ ပြေလျော့လာသလို ငုိက်မြည်းလာသော မျက်လုံးတွေကလည်း သစ္စာရှိစွာ။ ထို့ကြောင့် ထိုင်နေရာမှ ကုတင်ပေါ် ပက်လန်လှန်ချလိုက်မိတော့သည်။ ခြေနှစ်ချောင်းကတော့ တွဲလွဲ။

MSFOMH Side Story(Completed) 💛Where stories live. Discover now