SS - 5

3.4K 469 136
                                    

လာချင်ရင် အနီးလေး
မလာချင်ရင် ခရီးဝေး ဆိုသလိုပင်။
ဘယ်လောက်ပင် ဝေးလံခေါင်ဖျားသော ဒေသဖြစ်ပါစေ။ တကယ်တမ်းသာ စိတ်ရှိခဲ့ရင် ချက်ချင်းထ၍သွားနိုင်လေသည်။ ဤမျှအထိ လမ်းပန်း ဆက်သွယ်ရေး တိုးတက်နေေသာမြန်မာပြည်။
ရေခြားမြေခြားမှ ပြန်လာသည်ဟုဆိုရာတွင်လည်း
စာအုပ်တစ်အုပ်ဖတ်စာ အချိန်မျှလောက်ပင်။
တကယ်တမ်းကျ ထိုခရီးကို အစပြုဖို့ တေွဝေစဥ်းစားနေခြင်းကသာ ပိုကြာလေ၏။
.........................................................................

သောက်လက်စ ကော်ဖီခွက်ကုိ နံဘေးကုိ အသာတွန်းဖယ်လိုက်ရင်း ခရီးဆောင်အိတ်ထဲမှ ပစ္စည်းတချို့ကို နှိုက်ထုတ်လိုက်သော တိမ်လွှာ။
ဘယ်သူ့အတွက်ရယ် ဘယ်ဝါအတွက်ရယ်ဟူ၍ ရည်မှန်းကာ ဝယ်လာသော လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ မပါပေမဲ့ ပေး၍အဆင်ပြေနိုင်လောက်မည်ထင်သော အရာများကုိ မွှေနှောက် ထုတ်ကြည့်လိုက်လေတော့သည်။

ေစျးဝယ်ထွက်သည့်အခါတိုင်း သဘောကျရင်ကျသလို ဝယ်တတ်သည့်အကျင့်ကြောင့် အသစ်ဟူသော ပစ္စည်းပစ္စယာက အိတ်ထဲတွင်အတော်အတန်များလေသည်။ ထို့ကြောင့် တစ်ခုချင်း ဆွဲထုတ်ကာ ရောင်နီနှင့်ရှုိင်းထက် အတွက် သင့်တော်မည့် လက်ဆောင်တချို့ကုိရှာလိုက်မိတော့သည်။ ပထမဆုံး စိတ်တိုင်းကျစွာ ထွက်လာသည်က မာဖလာ တစ်ထည်မို့ ရှည်ရှည်ဝေးဝေး မစဥ်းစားနေတော့ပဲ ရောင်နီအတွက်ဟု သတ်မှတ်လိုက်လေသည်။

မိုးရာသီတောင် ပူအုိက်လောင်မြိုက်နေသော ရန်ကုန်မြို့ကြီးတွင် မာဖလာပတ်ရန် အချိန်မရှိမှန်းသိသော်လည်း အမှတ်တရအဖြစ်သာ ရည်ရွယ်၍။
ခရီးထွက်ဖြစ်ကြသည့်အခါတွင်လည်း
သုံး၍ရနိုင်သည်လေ။

ထို့နောက် ရှိုင်းထက်အတွက် ခေါက်ပုိက်ဆံအိတ်တစ်လုံး။ တန်ဖိုးကြီးကြီးမားမား မဟုတ်ပေမဲ့
လက်ဆောင်ဖြစ်၍ လက်ခံမည်တော့ထင်မိသည်။
မူလတန်းမှ အသက်သုံးဆယ်ကျော်လာသည့် အချိန်အထိ ရှုိင်းထက်ကုိ မည့်သည့်လက်ဆောင်ပစ္စည်းတစ်စုံတစ်ရာမျှ မပေးဖူးခဲ့။ ဒီ ပုိက်ဆံအိတ်သည် ပထမဦးဆုံး အကြိမ်ဖြစ်ကောင်းဖြစ်လိမ့်မည်။ သေချာသည်။ ခနော်ခနဲ့ စကားတွေနှင့် စကားနာထိုးအုံးမည့် ရှုိင်းထက်ဆွေ။

MSFOMH Side Story(Completed) 💛Where stories live. Discover now