အပိုင်း ( ၅ ) ❤️

6.1K 823 13
                                    

" ငါ့ လက်ကောက်ဝတ်က မရတော့ဘူး၊ အဆစ်တွေရောင်နေပြီ "

ရှောင်းကျန့်တို့ နားနေဆောင်ကို ပြန်ရောက်တော့ အားလပ်ချိန်မို့ စုပေါင်းဝိုင်းဖွဲ့ကာ စကားစမြည်ပြောနေကြတုန်း ဝမ်ကျိုးချန်က စပြီး ညည်းညူလေတော့သည်။

" ငါ ဒိုက်မထိုးနိုင်တော့ဘူး "

" ငါလည်း လုံးဝ အားမရှိတော့ဘူး "

တစ်ယောက်တစ်ခွန်း ထောက်ခံနေကြတော့ ရှောင်းကျန့်က အားပေးစကားပြောရတော့တာပေါ့ ။

" ငါကတော့ ဒိုက်ပဲထိုးနိုင်တာ၊
ဆိုတော့ မင်းတို့မလုပ်နိုင်တော့ရင် ငါ ကူပေးမယ် "

ရုပ်တည်ကြီးနဲ့ ပြောနေပါသော ရှောင်းကျန့်အား ကြည့်ကာ ဝမ်ကျိုးချန်က ခွီခနဲ ထရယ်၏ ။ ဘာလို့များ ငါ မယုံနိုင်ရတာပါလိမ့် ဆိုသော အထာဖြင့် ။

" တကယ်၊ ငါထင်တာ ...
သူငါ့ကို ဒီလို အပြစ်ပေးနေပုံနဲ့ဆို နောက်အပိုင်း ၂ ပိုင်းနေရင်.. "

ထိုအချိန် ဝမ်ရိပေါ်က အခန်းထဲ ရောက်လာ၏ ။ ရှောင်းကျန့်က ကျောပေးရင်း ရိပေါ်အတင်းတုတ်နေသည်မို့ မသိလိုက်ပေ ။ ကျိုးချန်က မျက်နှာရိပ်မျက်နှာကဲ ပြပြီး တားနေပါသော်လည်း ရှောင်းကျန့်ငတုံးက သတိမထားဘဲ သူ့စကားကိုသာ အားသွန်ခွန်စိုက် ပြောနေလေသည် ။

" မင်း ဘာပြောနေတာ "

" အားရား ! "

ရှောင်းကျန့် လန့်သွားသည်မှာ ကျောတွေပါ တုန်ခနဲ ။ အားလုံးက သူ့အဖြစ်ကို သဘောကျကာ တဟားဟားဝိုင်းရယ်ကြတော့သည် ။ ရှောင်းကျန့် ရိပေါ်ကို မော့ကြည့်ကာ ယုန်သွားလေးတွေပေါ်အောင် ရယ်ပြလိုက်ပြီးမှ

" ဘာမှမဟုတ်ပါဘူး၊ ဘယ်တုန်းက ဝင်လာလိုက်တာလဲ "

" ခွေးခြေခုံတွေယူပြီး ဒီမှာ တစ်တန်းတည်းလာစီ "

သူတို့အားလုံး နေရာမှ ထပြေးကာ ခွေးခြေခုံများကိုယူပြီး တန်းစီလိုက်ကြ၏ ။ အဲ့လိုပဲ ဝမ်ရိပေါ်ရောက်လာရင် ငြိမ်ငြိမ်နေရသည်မရှိ ၊ အပြေးအလွှား ပုံပျက်ပန်းပျက် ။

" ညာညှိ၊     ရှေ့ကြည့် ၊
  လီရွေ့ "

" ရှိ "

Lao Wang [ Completed ]Where stories live. Discover now