အပိုင်း ( ၁၇ )

3.7K 404 1
                                    

ဒီနေ့က မြေပြင်အမြောက်တပ်၏ ရိုးရာတစ်ခုဖြစ်သည့် တပ်လေ့လာရေးနေ့ ဖြစ်သည်။ ဒီနေ့မှာ အပြင်က ပြည်သူတွေက မြေပြင်အမြောက်တပ်ကို နီးနီးကပ်ကပ်လေ့လာနိုင်၏။

ပြီးတော့ ဒီနေ့မှာ အပျော်ဆုံးလူသားတွေကတော့ တပ်က ကလေးတွေပါပဲ။ သူတို့ဖခင်တွေကို အကြာကြီး မတွေ့ဘဲနေခဲ့ရတဲ့ ကလေးတွေက ဒီတစ်လျှောက်လုံး သူတို့ရဲ့ဖခင်တွေ ဘာတွေလုပ်နေကြလဲဆိုတာကို မြင်ခွင့်ရကြပါပြီ။

ရှောင်းကျန့်တို့အဖွဲ့က တပ်၏အရှေ့တံခါးပေါက်မှ ဝင်လာမည့် ကလေးများအား စောင့်ကြိုကာ တပ်ခန်းမဆောင်ရှေ့တွင် အသင့်စောင့်ကြိုနေကြသည့် သူတို့၏ တပ်သားဖခင်တွေဆီ အရောက်ပို့ပေးကြ၏။

ရှောင်းကျန့် သူ့ရှေ့မှ ပါးဖောင်းဖောင်းလေးနှင့် ချစ်ဖို့ကောင်းသည့် ၅ နှစ်အရွယ်ကလေးမလေးအား နှုတ်ဆက်လိုက်သည်။

" hello "

" hello ...
ဦးဦးက ရှောင်းကျန့်လားဟင် "

" Wow .. ဦးကို သိတယ်ပေါ့ "

" သိတာပေါ့ .. ဦးဦးက မီးမီးရဲ့ Idol၊
မီးမီးကြီးလာရင် ဦးဦးကိုယူမှာ "

" ဟားဟား စကားတွေတတ်လိုက်တာ။ မီးမီးနာမည် ဘယ်လိုခေါ်လဲ "

" ဖှေးဖှး "

" ဖှေးဖှေးနဲ့ ဦး အပြေးပြိုင်မယ်လေ။ ဘယ်သူအရင်ရောက်မလဲ ကြည့်ရအောင် "

ရှောင်းကျန့်က ဖှေးဖှေးအား ဦးစားပေးသည့်အနေဖြင့် ပြေးချင်ယောင်ဆောင်ကာ ခြေလှမ်းတွေကို နှေးပေး၏။ မကြာခဏဆိုသလိုပဲ ဖှေးဖှေး၏ ပါးဖောင်းဖောင်းလေးတွေကို ဖျစ်ညှစ်သေးသည်။

" ကလေးချစ်တတ်တယ်လား "

ကျောဘက်မှ ရိပေါ်အသံကြားရတာကြောင့် ရှောင်းကျန့် ထိုင်ရာမှထကာ ရိပေါ်နဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

" အင်း၊ ကလေးတွေက ဖြူစင်တယ်။
တအားချစ်ဖို့ကောင်းတာ "

" လူကြီးဖြစ်တဲ့ ငါ ဆိုရင်ရော၊ ချစ်ဖို့ကောင်းတယ်လို့ ထင်လား "

" အာ !  အဲ့တာက .. "

ရှောင်းကျန့် ဖြေရခက်နေသည်မို့ နှုတ်ခမ်းကိုက်ကာ လက်တွေကလည်း ဆံပင်တွေဆီ သွားရမှာလိုလို၊ ဂုတ်ပေါ်ကိုပဲ တင်ရတော့မှာလိုလိုနဲ့ တစ်ယောက်တည်း လမ်းပျောက်နေ၏။

Lao Wang [ Completed ]Where stories live. Discover now