အပိုင်း ( ၂၀ )

3.5K 369 3
                                    

" ငါ့အနောက်က ဒီအခြေခံလ့ကျင့်ရေးလေယာဉ် နန်ချန် CJ-6 က ငါတို့တွေ ထုတ်လုပ်ထားတဲ့ အခြေခံလေ့ကျင့်ရေး လေယာဉ်ပဲ။

တာဝန်ထမ်းဆောင်လာတာ နှစ် ၆၀ ရှိပြီ။
သူက လေယာဉ်မှူးသန်းနဲ့ချီပြီး လေ့ကျင့်ပြီးသွားပြီ။
ဒါ အပိုပြောတာမဟုတ်ဘူး။
အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့
လေယာဉ်မှူးအကုန်လုံး၊ အာကာသယာဉ်မှူးတွေအပါအဝင် သူတို့ လေယာဉ်မောင်းလေ့ကျင့်ရေးကို ဒီလေယာဉ်နဲ့ပဲ စခဲ့ကြတာ။ ဒါကြောင့် မင်းတို့လည်း ဒီလေယာဉ်နဲ့ပဲ စကျင့်ရမယ် "

' ဌာန၂က မြေပြင်ဝန်ထမ်းတွေကို အမြန်ဆုံးနေရာယူခိုင်း ' ဆိသည့် ဘယ်နေကမှန်းမသိသည့် အမိန့်သံတစ်ခု ပျံ့လွင့်လာချိန်မှာတော့ တပ်ဖွဲ့ခေါင်းဆောင်ချန်က သူတို့အား နေရာတစ်ခုသို့ ခေါ်ဆောင်သွားလေ၏။

" ဒီနေ့ ငါတို့က ကောင်းကင်ကို ဦးတည်ကြမယ်။
ကောင်းကင်မှာ မင်းတို့က နည်းပြရဲ့ လှုပ်ရှားမှုတွေကို လေးလေးနက်နက် လိုက်ကြည့်ရမယ်။

မင်းတို့နည်းပြဆီက ခွင့်ပြုချက်ရပြီးရင်
လေယာဉ်ကို ပြင်းပြင်းထန်ထန် သတ္တိရှိရှိ မောင်းနှင်ရမယ် "

ထို့နောက် နည်းပြချုပ်က သူတို့အား အဖွဲ့နှစ်ဖွဲ့ ခွဲပေးပြီး သူကတော့ လူ ၅ယောက်ပါဝင်သည့် ပထမအဖွဲ့တွင် နံပါတ် ၀၀၁ ဖြစ်၏။

သူ ပျံသန်းရေးဦးထုပ်ယူပြီး လေယာဉ်ရှိရာဆီ ထွက်ခဲ့လိုက်သည်။ အမှန်တကယ်ပျံသန်းရတော့မှာမို့ သူ ရင်တွေလည်း ခုန်နေ၏။

လေယာဉ်ပျံသန်းရမည့်အဖွဲ့တွင် ရိပေါ် မပါဝင်တာကိုတော့ စိတ်မကောင်းဖြစ်မိသည်။ ဌာနမတူလို့ ပျံသန်းခွင့်မရတာကို ရိပေါ်က နားလည်တာမို့ သူ့အား ပြန်လည်ကာ နှစ်သိမ့်ပေးသေးသည်။

" သတင်းပို့ရန်ရှိ၊ ကျွန်တော်က နံပါတ် ၁ "

" ကောင်းပြီ။ အခု ဦးထုပ်ဆောင်း "

ထို့နောက် နည်းပြက သူ့အား လည်ပင်းတွင်ပတ်ရန် အမည်းရောင်ပစ္စည်းလေးတစ်ခုကို ထုတ်ပေးလာ၏။

" လည်ပင်းမှာပတ်ပြီး ချည်လိုက် "

" ဒါက ဘာအတွက်သုံးတာလဲ "

Lao Wang [ Completed ]Donde viven las historias. Descúbrelo ahora