အပိုင်း ( ၂၅ )

4.1K 444 4
                                    

" လောင်ဝမ် "

" ရှောင်းကျန့် !
ဒီအချိန်ကြီး ဘာလို့ အပြင်ထွက်လာရတာလဲကွာ၊
အရမ်းအေးနေတာကို "

ဟုတ်ပါရဲ့ ... စိတ်နဲ့ကိုယ် ဘယ်လောက်ထိ မကပ်သလဲဆိုရင် ခုမှ မနက် ၄ နာရီပဲရှိသေးတာကို။ ဒါပေမယ့် ရိပေါ်ကရော ဘယ်အချိန်ကတည်းက ဒီနေရာမှာ ရှိနေတာလဲ။

" မင်းကရော ... ဒီနေရာမှာ ဘာထိုင်လုပ်နေတာလဲ "
" ငါ ... "

ရိပေါ်က စကားဆက်မပြောတော့ဘဲ ခေါင်းငုံ့သွားပြန်၏။ သူသိခဲ့ဖူးတဲ့ လေရှန်ကွန်မန်ဒိုတပ်ရဲ့ ရဲရင့်ပြတ်သားတဲ့ တပ်ဖွဲ့ခေါင်းဆောင် ဝမ်ရိပေါ်မှဟုတ်ပါလေစ။

နှင်းအဖွေးသားနဲ့ လောင်ဝမ်ကို ဒီနေရာမှာ သူ ကြာကြာမကြည့်ရက်တော့တာမို့ သူ့တိုက်ခန်းသို့ ခေါ်ခဲ့လိုက်တော့၏။ ပြီးနောက် ကော်ဖီပူပူလေးတစ်ခွက်ကို ဖျော်ကာ ရိပေါ်ရှေ့သို့ ချပေးလိုက်သည်။

ရိပေါ်က သူလှုပ်ရှားသမျှကို မျက်တောင်မခတ်ဘဲ လိုက်ကြည့်နေ၏။ စကားတစ်ခွန်းမှ ပြောမလာပေမယ့် မျက်ဝန်းတွေကတော့ သူ့ကို ဘယ်လောက်ထိ လွမ်းနေခဲ့ရကြောင်း ဖွင့်ဟဝန်ခံချင်နေသလိုလို။

" ပစ်တုန်းက ပစ်ထားပြီး ဘာလို့ ခုမှ ပေါ်လာတာလဲ "

" ဘယ်သူက ပစ်ထားတာလဲ၊
နှစ်လတိတိ အဆက်အသွယ်ဖြတ်မယ်လို့ ဘယ်သူပြောခဲ့တာလဲ "

" ငါမှားတာပါ။ နေနိုင်မယ်ထင်လို့ ပြောခဲ့မိတာ။
  ဒါပေမယ့် ၁၀ ရက် ပြည့်တဲ့နေ့မှာပဲ ငါ မင်းဆီကို ဖုန်းဆက်ခဲ့သေးတယ်။ စက်ပိတ်ထားတာတောင် ခေါ်နေမိတုန်းပဲ "

ရိပေါ်က အံ့သြရိပ်တို့ပြပေမယ့် ဘာမှတော့ တုံ့ပြန်မလာ။ သူ့ရှေ့မှာ ချပေးထားသည့် ကော်ဖီတစ်ခွက်ကလည်း သူ့အတိုင်း အေးစက်စက်။

" ကော်ဖီတောင် အေးနေပြီပဲ၊ ပြန်ဖျော်ပေးမယ် "

ရှောင်းကျန့်က မျက်နှာချင်းဆိုင် စကားပြောနေရာမှ ရိပေါ်နားသို့ထသွားကာ ရှေ့မှ ကော်ဖီခွက်ကို ယူရန်လက်လှမ်းလိုက်စဉ် ရိပေါ်က သူ့လက်တွေကို ဖမ်းဆုပ်ကာ သူ့အား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

Lao Wang [ Completed ]Where stories live. Discover now