အပိုင်း ( ၂၆ ) 💞

5.4K 459 6
                                    

" ကြက်ဥကို အခဲလေးအတိုင်း ထားတာ ကြိုက်လား "

" မင်းပဲ ကောင်းသလို စီစဉ်ပါ "

" လွှတ်ပါဦး၊ အငွေ့တွေရှူမိရင် နှာချေလိမ့်မယ် "

" အတူတူချေကြတာပေါ့ "

ခက်ပြီ။
ရိပေါ်က တစ်ကယ့်ကို ခိုအားလားလေးလိုပဲ။ သူ့ကို ကျောဘက်ကနေ သိုင်းဖက်ပြီး ဘယ်သွားသွား လိုက်နေတော့တာ။ နည်းနည်းတော့ နေရခက်ပေမယ့် သူလည်း ကြိုက်တာမို့ ခွင့်ပြုထားလိုက်မိသည်။

" ငါက ပုံမှန်ဆို ခေါက်ဆွဲစားရင် တစ်ယောက်တည်း နှစ်ထုပ်တောင်ကုန်တာ။ ကြက်ဥက နှစ်လုံး "

" အစားပုတ်လေး "

" ဒီလောက်ဆို စားလို့ရပြီ။  လွှတ်ပါဦး "

ထိုအခါမှ ရိပေါ်က လွှတ်ပေးလေသည်။ ခေါက်ဆွဲအိုးကို စားပွဲပေါ်တင်ပြီး နံရံကပ်ဗီရိုထဲမှ ပန်းကန်လုံးလေးတွေကို ထုတ်ယူကာ ရိပေါ်အား အရင်ထည့်ပေးလိုက်သည်။

" ဘယ်လိုလဲ၊ စားကောင်းလား "

" အင်း။ ဒီလိုလက်ရာကို တစ်ခါမှ မစားဖူးဘူး။
တကယ်ကောင်းတာ "

ရိပေါ်က ခေါင်းမဖော်တမ်း အားပါးတရစားရင်း ပြောနေတာဖြစ်၏။  ရှောင်းကျန့် စားပွဲပေါ် လက်ထောက်ကာ မေးတင်ရင်း ရိပေါ်အား တစိမ့်စိမ့် ထိုင်ကြည့်နေလိုက်သည်။ နောက်ထပ်နောက်ထပ်လည်း သူ့ရဲ့ လက်ရာကောင်းများကို ချက်ကျွေးချင်စိတ်တို့ ဖြစ်မိ၏။

" မင်းလည်း စားလေ "

" ငါ ဗိုက်ပြည့်နေပြီ "

" မစားရသေးဘဲနဲ့။
လာ ငါ ခွံ့ကျွေးမယ် "

ရိပေါ်က သူ့ဘက်သို့ ထလာနေပြီမို့ သူ အမြန်စားလိုက်ရတော့၏။ ဒီကောင်က လွယ်တာမဟုတ်ဘူးရယ်။ အနားကိုရောက်ရင် လူကို ဟိုပွတ်ဒီပွတ်နဲ့မို့ မြိုချရတာတောင် အဝင်ဖြောင့်မှာမဟုတ်။

" ရပြီ။   ရပြီ၊ ငါ စားနေပြီနော်။
ကိုယ့်နေရာမှာကိုယ် အေးအေးဆေးဆေး ထိုင်စားရအောင်။   နော် ... "

စားသောက်ခြင်းအမှုပြီးသွားတော့ ရိပေါ်က ပန်းကန်ဆေးတာဝန် ယူပေး၏။ သူကတော့ ဧည့်ခန်းမှာပဲ TV ထိုင်ကြည့်နေလိုက်သည်။

Lao Wang [ Completed ]Место, где живут истории. Откройте их для себя