Broken heart

6.6K 321 7
                                    

Episode (1)

Yixing ​တံခါးလက်​ကိုင်​​ဖုကို သတိထားပြီး အသာ​လေးဆွဲဖွင့်​ရင်း အိမ်​ထဲကအ​ခြေအ​နေကို တစ်​ချက်​လှမ်းကြည့်​လိုက်​တယ်​။ ဒီအချိန်​ဆို Minmin Noona လည်း အိပ်​​နေ​လောက်​ပါပြီ။ မနက်​ကျရင်​ ရုံးတက်​ရဦးမယ့်​သူဆို​တော့လည်း 9နာရီ​​ဒေါင်​ခနဲဆိုတာနဲ့ အိပ်​ရာဝင်​​သွားပြီ​လေ။ သူသာ ဟိုဟိုဒီဒီ​လျှောက်​လှိမ့်​​နေလို့ အမြဲ အိမ်​ပြန်​​နောက်​ကျ​နေတတ်​တာ။ ဒီ​နေ့က​တော့ ခါတိုင်း​နေ့​တွေကထက်​ 3နာရီ​​တောင်​ ​ပို​နောက်​ကျ​နေတာမို့ Minmin Noona သိရင်​ အဆူခံရမှာစိုးတာနဲ့ အခုလို ပုန်းလျိုးကွယ်​လျိုးပြန်​လာရတယ်​ပဲ ဆိုပါ​တော့။ တစ်​အိမ်​လုံးလည်း​မှောင်​မည်း​နေ​တော့ Yixing ​စိုးရိမ်​​နေတဲ့စိတ်​ကို​လျှော့ချလိုက်​ပြီး ​ခြေသံလုံလုံနဲ့ အိမ်​ထဲဝင်​လာလိုက်​တယ်​။ အထဲ​ရောက်​​ရောက်​ချင်း ဖိနပ်​ကိုအသာ​လေးချွတ်​ပြီး မီးဖွင့်​ဖို့ မီးခလုတ်​ဆီလက်​လှမ်းလိုက်​တုန်းမှာပဲ

"Omaaaaa"

Minmin Noona ..... Noona က ခုထိ မအိပ်​​သေးဘဲ အ​မှောင်​ချထားတဲ့ ဧည့်​ခန်းထဲမှာ သူ့ကို​ကျော​ပေးပြီးထိုင်​​နေတယ်​​လေ။ ရုတ်​တရက်​ကြီး Noona ကို ​မှောင်​မည်းမည်းကြီးထဲ ​တွေ့လိုက်​ရတာမို့ Yixing လိပ်​ပြာ​လွင့်​သွားပြီ​လို့​တောင်​ ထင်​လိုက်​မိပါရဲ့။ တစ်​အိမ်​လုံးကို အ​မှောင်​ချထားပြီး Noona က ဧည့်​ခန်းထဲမှာ ဒီအချိန်​ထိ ဘာထိုင်​လုပ်​​နေတာပါလိမ့်​။ ပြီး​တော့ သူ့​အော်​သံကြားတာ​တောင်​ Noona က တစ်​ချက်​က​လေးမှ လှည့်​မကြည့်​တာ ထူးဆန်း​နေတယ်​။ Noona သူ့ကို စိတ်​​ကောက်​​နေတာများလား။ သူအိမ်​ပြန်​​နောက်​ကျတာ​လောက်​နဲ့​တော့ Noona က စိတ်​ဆိုးမှာမဟုတ်​ပါဘူး။ သူတို့လက်​ထပ်​ပြီးကတည်းက အခု အိမ်​​ထောင်​သက်​1နှစ်​​ကျော်​လာတဲ့အထိ Noona ​ဒေါသထွက်​တယ်​၊စိတ်​ဆိုးတယ်​ဆိုတာ သူ တစ်​ခါမှမ​တွေ့ကြုံခဲ့ဖူးဘူး။ Noona က အ​နေ​အေးပြီး အ​ကောင်းမြင်​တဲ့သူတစ်​​ယောက်​​လေ။ ဒါ​ပေမယ့်​ ခု​တော့ ​နောက်​​ကျောဘက်​ကမြင်​​နေရတာနဲ့တင်​ အ​ခြေအ​နေမ​ဟန်​ဘူးလို့ Yixing ​တွေး​နေမိတယ်​။ Noona ဘာဖြစ်​​နေတာလဲ။

Love Strategy {Xiulay Version}Where stories live. Discover now