The beginning

4.5K 308 20
                                    


Episode (2)

မနက်​မိုးလင်းလို့ အိပ်​ရာ​ဘေးက Noona ရှိမယ့်​​နေရာကိုစမ်းကြည့်​လိုက်​​တော့ တွန့်​​ကြေ​နေတဲ့အိပ်​ရာခင်းစကိုပဲ စမ်းမိတာမို့ Yixing အိပ်​ရာက​နေလူးလဲထရင်း အခန်းထဲလှည့်​ပတ်​ကြည့်​လိုက်​တယ်​။

#Noona#

အသံလည်းပြုရင်း Xing ဖရိုမရဲဖြစ်​​နေတဲ့သူ့အဝတ်​အစား​တွေသူ ​သေချာပြန်​ဝတ်​လိုက်​ပြီး ခုတင်​​ပေါ်ကဆင်းလိုက်​တယ်​။

ဟော .. ​တွေ့ပါပြီ။

Noona က ခုတင်​​ခြေရင်း​လေးမှာ ကျုံ့ကျုံ့​က​လေးထိုင်​ရက်​သား အိပ်​​ပျော်​​နေခဲ့တာပါ။ Xing အသာ​လေးအနားတိုးသွာရင်း Noona ​ရှေ့မှာ ဒူး​ထောက်​ပြီးထိုင်​ချလိုက်​တယ်​။

Noona သူ့​ကြောင့်​ စိတ်​ဆင်းရဲရတာသိ​ပေမယ့်​ ပြင်​မရတဲ့သူ့အကျင့်​ဆိုးနဲ့ပတ်​သက်​ပြီး သူ့မှာဘာ​ပြောစရာစကားမှမရှိ​တော့ပါဘူး။ Noona ကို ချစ်​လားဆိုတဲ့​မေးခွန်းကို ​ဖြေရရင်​ သူချစ်​ပါတယ်​လို့​ဖြေမိမှာပါ။ ညာတာမဟုတ်​​ပေမယ့်​ အရမ်းကြီး​လေးနက်​တာမျိုးလည်း မဟုတ်​ပြန်​​တော့ သူ့အတွက် အ​တော်​​လေး​ဘေးကြပ်​နံကြပ်​ဖြစ်​ရပါတယ်​။ Noona Papa ကို မခံချင်​စိတ်​​ကြောင့်​ Noona ကိုရ​အောင်​ယူခဲ့တယ်​ဆို​ပေမယ့်​ ​ငွေ​ကြေးဓနဂုဏ်​​ကြောင့်​လို့​ပြောတာက​တော့ လွန်​တယ်​မဟုတ်​ဘူးလား။ Noona သူ့ကို သည်းမခံနိုင်​​တော့ဘူးဆိုရင်​​တောင်​ သူ့ဘက်​က​တော့ Noona ကို လုံးဝကွာမ​ပေးနိုင်ပါ။ ဒါ​ပေမယ့်​ ကြင်​နာပြီးဂရုစိုက်​ဖို့ကျပြန်​​တော့လည်း သူက နည်းနည်း​လေးမှမလုပ်​ချင်​။ လက်​ထပ်​ပြီးသားလူတစ်​​ယောက်​ဆို​ပေမယ့်​ လွတ်​လွတ်​လပ်​လပ်​​နေချင်​မိတယ်​​လေ။ Noona မကြိုက်​တာကလည်း အဲ့ဒါကိုပါပဲ။ သူ ​ခေါင်း​တွေပူလာတယ်​။

သူ အရမ်း အတ္တကြီး​နေမိပြီလား ...

Noona ကို အဲ့​လောက်​ကြီးချစ်​တာမဟုတ်​​ပေမယ့်​ ကွာလည်းမကွာ​ပေးချင်​ဘူး၊ ဒါ​ပေမယ့်​ အခု ​နေလက်​စပုံစံအတိုင်းလည်း ဆက်​​နေချင်​မိတယ်​။ ဘယ်​တစ်​ခုကိုမှ သူ လက်​မ​လျှော့နိုင်​ပါဘူး။ တစ်​ခုက တခြားတစ်​ခုထက်​ ပိုအ​ရေးကြီးတယ်​လို့ သူလက်​ခံသ​ဘော​ပေါက်​လာတဲ့တစ်​​နေ့ကျရင်​​တော့ သူ ပြတ်​ပြတ်​သားသားဆုံးဖြတ်​မှာပါ။ အခု​လော​လောဆယ်​က​တော့ Noona ကို သူ့အနားမှာပဲထားချင်​​သေးတာမို့ အိပ်​​ပျော်​​နေတဲ့ Noona ကို အသာအယာမချီပြီး ခုတင်​​ပေါ်တင်​ရင်း Noona ​ဘေးမှာဝင်​အိပ်​လိုက်​တယ်​​လေ။ အချိန်​ကမ​စော​တော့ဘူးဆို​ပေမယ့်​ Noona ​သာ​ သူ့ဘေးမှာရှိ​နေရင်​ ဘယ်​အချိန်​ဖြစ်​ဖြစ်​ အိပ်​​ပျော်​နိုင်​တာမို့ Noona ခါး​လေးကိုဖက်​ထားရင်း ​မှေးစင်းလာတဲ့သူ့မျက်​လုံး​တွေကို Yixing အနား​ပေးလိုက်​​ပါ​တော့တယ်​။

Love Strategy {Xiulay Version}Where stories live. Discover now