Need to find out why!

3.9K 280 6
                                    

Episode (4)

*Luhan ​ပြောတဲ့အတိုင်း ငါတကယ်​ပဲ လုပ်​သင့်​ရဲ့လား၊ အဲ့လိုလုပ်​ရင်​ Yixing ငါ့အ​ပေါ်ထားတဲ့ တကယ့်​စိတ်​ရင်းမှန်​ကို သိလာလိမ့်​မယ်​တဲ့၊ ဘာပဲဖြစ်​ဖြစ်​ပါ​လေ ... ဒီအ​ခြေအ​နေမျိုးမှာ ​ကောက်​ရိုးမျှင်​​လေးတစ်​ခု​တွေ့ရင်​​တောင်​ ဖမ်းဆုပ်​ထားသင့်​တာဆို​တော့ Luhan ​ပြောသလိုလိုက်​လုပ်​ကြည့်​တာပဲ ​ကောင်းပါတယ်​၊ အဲ့ဒါမှ အဆင်​မ​ပြေ​ဘူးဆိုရင်​လည်း ငါ့ထိုက်​နဲ့ငါ့ကံပဲ​ပေါ့​လေ*

အိမ်​ကိုပြန်​လာတဲ့ လမ်းတစ်​​လျှောက်​လုံး Luhan ​ပြောတာကို လုပ်​သင့်​သလား မလုပ်​သင့်​လား ​တွေ​ဝေ​နေရင်း ဘယ်​အချိန်​ အိမ်​​ရှေ့ကားထိုးရပ်​လိုက်​မှန်း​တောင်​ Xiumin မသိလိုက်​။ Luhan သတိ​ပေး​တော့မှ အ​ယောင်​​ယောင်​အမှားမှားနဲ့နှုတ်​ဆက်​ရင်း အိမ်​တံခါး​သော့ကိုထုတ်​ပြီးဖွင့်​လိုက်​တယ်​။ ဒီအချိန်​ကြီး တစ်​ခါမှ အိမ်​ပြန်​မလာဖူး​တော့ Xiumin ရင်​တုန်​​နေတာ​တော့အမှန်​ပင်​။ အချိန်​က ည 12 နာရီခွဲ​နေပြီ။ ဒီ​လောက်​ထိ ညဉ့်​နက်​​အောင်​အပြင်​မှာ​မ​နေခဲ့ဖူး။ Xing နဲ့ယှဉ်​ရင်​​တော့ ဒီ​လောက်​​နောက်​ကျမှ သူအိမ်​ပြန်​​ရောက်​တာ ဘာမှမ​ပြောပ​လောက်​ပါဘူး​လေ။ ပြီး​တော့ Xing က သူဘယ်​အချိန်​ပြန်​လာလဲဆိုတာ​ သတိ​တောင်​မှထားမိပါ့မလား။ အိပ်​​ပျော်​​နေ​လောက်​​ရော​ပေါ့။

*အဲ့ Luhan ဟာ​လေ ... ​ပြော​နေတဲ့ကြားထဲကပဲ ဒီအချိန်​ကျမှ ပြန်​ပို့ဖြစ်​​အောင်​ပြန်​ပို့​ပေးတယ်​၊ ငါ ​နောက်​ကျလည်း Zhang Yixing က ဂရုမစိုက်​ပါဘူးဆိုမှ*

အိမ်​ထဲဝင်​လာလာချင်း ​မှောင်​မည်း​တိတ်​ဆိတ်​​နေတဲ့ ဧည့်​ခန်းကြီးကို လှည့်​ပတ်​ကြည့်​ရင်း Xiumin စိတ်​ပျက်​သွားမိတယ်​။

*နင့်​ဗျူဟာက အလုပ်​မှဖြစ်​ပါ့မလား Luhan ရယ်​*

တွေးရင်းနဲ့ အိပ်​ခန်းထဲဝင်​လာလိုက်​​တော့ အခန်းတံခါးဝကိုမျက်​နှာမူရင်း

ခုတင်​အစွန်းမှာ ဒူးတစ်​​ဖက်​​ထောင်​ပြီးထိုင်​​နေတဲ့ Xing ကို ဘွားခနဲ​တွေ့လိုက်​ရတာ​ကြောင့်​ Xiumin တစ်​​ယောက်​ လန့်​ဖြန့်​ပြီး​အော်​မိမလိုဖြစ်​သွားပြီးကာမှ သူ့ပါးစပ်​​လေးသူ လက်​ဝါး​လေးနဲ့အုပ်​ကာထားလိုက်​မိတယ်​​။ Xiumin ​ရှေ့ကိုဆက်​မတိုးနိုင်​ဘဲ ​ကြောင်​ပြီးရပ်​​နေတုန်း Xing က ထိုင်​ရာက​နေထလာပြီး သူ့အနားကို​လျှောက်​လာတယ်​။ အနား​ရောက်​​တော့ မှင်​​သေ​သေမျက်​နှာထားနဲ့ သူ့ကိုစိုက်​ကြည့်​​နေတာ​ကြောင့်

Love Strategy {Xiulay Version}Where stories live. Discover now