Beautiful

3.8K 297 9
                                    

Episode (5)

ရေမိုးချိုးအဝတ်​အစားလဲပြီးသွား​တော့ Xiumin ဝရံတာဘက်​ကို ​ကော်​ဖီ​လေးတစ်​ခွက်​ကိုင်​ရင်း ထွက်​လာလိုက်​တယ်​။ ညစာစားချိန်​နဲ့ကပ်​​နေပြီဆို​ပေမယ့်​ စားချင်​စိတ်​လည်းမရှိတာမို့ ​ကော်​ဖီတစ်​ခွက်​နဲ့ပဲ တင်းတိမ်​လိုက်​​တော့မယ်​လို့ စိတ်​ကူးမိတာ​ကြောင့်​ပါ။

"ဝှားးးးးး .... ​လေ​လေးက​ကောင်းလိုက်​တာ"

မျက်​နှာကိုတိုး​ဝှေ့ရိုက်​ခတ်​လာတဲ့ ဆည်းဆာ​လေညင်း​လေး​​တွေကြောင့်​ Xiumin စိတ်​​တွေ လန်းဆန်းလာမိတယ်​။ ဒီရက်​ပိုင်းအတွင်း ညစ်​နွမ်း​နေခဲ့တဲ့စိတ်​​တွေ​တောင်​ တခဏတာ​လောက်​​တော့ ပြန်​ကြည်​လင်​လာတာမို့ စိတ်​ညစ်​စရာပြသနာ​တွေကိုလည်း ​မေ့​မေ့​ပျောက်​​ပျောက်​ဖြစ်​သွားမိပါရဲ့။ Xiumin တစ်​​ယောက်​ ဝင်​လုဆဲဆဲ​နေမင်းကြီးကိုကြည့်​ရင်း လတ်​ဆတ်​တဲ့​လေနု​အေး​လေး​တွေ သူ့လည်​ပင်းကို လာတိုး​ဝှေ့​ကျီစယ်​​နေတာကို ခံစားလိုက်​ရတာ​ကြောင့်​ ​ခေါင်း​လေးကို​ အ​နောက်​ဘက်​​မော့ချထားရင်း မျက်​လုံး​လေး​တွေမှိတ်​ထားလိုက်​တယ်​။ တ​အောင့်​​လောက်​ကြာ​တော့ သူ့ခါးသိမ်​သိမ်​​လေးမှာ ရစ်​ပတ်​ဖွဲ့​နှောင်​လာတဲ့ လက်​တစ်​စုံကို ခံစားလိုက်​ရတာမို့ အလန့်​တကြားနဲ့ မျက်​လုံး​လေး​တွေဖွင့်​လိုက်​ပြီး ​အ​နောက်​ဘက်​ကို​စောင်းငဲ့ကြည့်​လိုက်​တော့ ...

"Xing"

_______________________________________

*Noona ဘယ်​​ရောက်​​နေပါလိမ့်​*

Xing ​ကျောင်းကပြန်​ပြန်​လာချင်း လွယ်​အိတ်​ချပြီးတာနဲ့ Noona ကို အရင်​ဆုံးရှာ​မိတယ်​။ ဘာကဘယ်​လိုထူးဆန်း​နေတာလဲ ​သေချာမသိ​ပေမယ့်​ ​ကျောင်းဆင်းဆင်းချင်း အိမ်​တန်းပြန်​လာတယ်​ဆိုတာ သူ့ style မဟုတ်​ဘူးဆိုတာ​တော့ ​သေချာပါတယ်​။ အခု​တော့ အိမ်​မှာပဲအချိန်​ပြည့်​ရှိ​နေချင်​တဲ့စိတ်​​တွေ ဝင်​​နေမိတာ ဘာ​ကြောင့်​များပါလိမ့်​ ...

"Noona"

သူ့​ခေါ်သံက အ​တော်​​လေးတိုး​နေလို့လား​တော့မသိ၊ Noona က သူ့ကို လှည့်​မကြည့်​ဘူး​လေ။ Noona ဘာလုပ်​​နေတာလဲ။ ​ခေါင်းကို ​နောက်​ပြန်​လှန်​ချထားပြီး ဝရံတာမှာဘာထွက်​လုပ်​​နေတာပါလိမ့်​။ Noona နား​ရောက်​​အောင်​ သူနည်းနည်းထပ်​တိုးသွားလိုက်​​တော့ ...

လေအ​ဝှေ့မှာ ကပ်​ပါလာတဲ့ Shampoo နံ့သင်းသင်း​လေးက သူ့နှာ​ခေါင်းဝကို လာကျီစယ်​သွားတာ​ကြောင့်​ သူ့မျက်​လုံး​တွေပိတ်​ပစ်​လိုက်​ပြီး Strawberry နံ့​လေးကို စိတ်​မှတ်​နဲ့စားသုံး​နေလိုက်​မိတယ်​။ Noona က ထူးထူးဆန်းဆန်း baby shampoo ​တွေထဲကမှ Strawberry ရနံ့ကို ​ရွေးသုံး​နေကျ​​လေ။ သူပြုံးလိုက်​မိလား​တောင်​ မသိ​တော့ပါဘူး။ ဆင်​စွယ်​​ရောင်​ပိုးသားဂါဝန်​​လေးကို ဒူးဖုံးရုံ​လေး ဝတ်​ထားတဲ့ Noona ရဲ့အလှကို အံ့သြမင်​သက်​ရင်း သူ​ငေး​မော​နေမိတယ်​။ ​လေ​ပြေ​လေးတိုက်​ခတ်​လာ​တော့ ဂါဝန်​​လေးက အ​နောက်​ဘက်​ကို ခပ်​​ပျော့​ပျော့​လေး ဝဲကျ​လာတယ်​။ ​ခြေသလုံးသား​လေး​တွေဝင်းမွတ်​​နေပုံများ သူ့ရင်​​တွေ တဒုန်းဒုန်းတဒိုင်းဒိုင်းခုန်​လာရတဲ့အထိပါပဲ။

*လှလိုက်​တာ Noona ရယ်​*

Noona ဒီ​လောက်​လှမှန်း သူအရင်​က ဘာလို့မသိခဲ့တာပါလိမ့်​။ သူ့အာရုံက Noona ကလွဲပြီး ​တွေ့သမျှမြင်​သမျှမိန်းက​လေးဆီမှာပဲ ဝဲပျံ​နေခဲ့တာ​ကြောင့်​ပဲ​နေမှာပါ။

Xing သူ့ကိုယ်​သူမသိလိုက်​ဘဲ Noona ​ကျော​လေးမှာ သူ့ရင်​ဘတ်​​လေးဖိကပ်​လိုက်​ပြီး ခါးသွယ်​သွယ်​​လေးကို​တော့ သူ့လက်​​တွေကြားထဲ သိမ်း​ပွေ့ထားလိုက်​မိတယ်​။ ရုတ်​တရက်​မို့ Noona ခန္ဓာကိုယ်​​လေး သိမ့်​ခနဲတုန်​သွားတာ သူခံစားမိလိုက်​ပါရဲ့။

"Xing"

"ဟင်​ .. Noona"

သူပြန်​ထူးပြီးသွား​တော့ သူတို့နှစ်​​ယောက်​ကြားထဲက​လေထုမှာ တိတ်​ဆိတ်​မှုက ကြီးစိုးသွားပြန်​တယ်​။ သူ့အထင်​ 5မိနစ်​​လောက်​​ရှိမယ်​ထင်​ပါရဲ့။ သူ Noona ကိုဖက်​ထားတာ 5မိနစ်​​လောက်​ကြာသွား​တော့ Noona က သူ့လက်​​တွေထဲက​နေရုန်းထွက်​လိုက်​ပြီး သူ့ဘက်​ကို တည့်​တည့်​လှည့်​ရပ်​လိုက်​တယ်​။ ရုတ်​တရက်​ကြီး တစ်​စုံတစ်​ခု လစ်​ဟာသွားတဲ့ ခံစားမှုကို သူသ​ဘောမကျစွာနဲ့ မျက်​​မှောင်​ကြုံ့ထားလိုက်​မိတယ်​။

"အထဲဝင်​ရ​အောင်​"

တစ်​ခွန်းတည်း​ပြောပြီး လှစ်​ခနဲလှည့်​ထွက်​သွားတဲ့ Noona ရဲ့​နောက်​​ကျော​လေးကို သူ​ငေး​မော​နေမိရင်း မပြီးဆုံးနိုင်​တဲ့အ​တွေး​တွေထဲ သံသရာလည်​​နေခဲ့ပါ​တော့တယ်​။

______________________________________

A/N ... ဒီအပိုင်းကတော့ တော်တော်တိုပါတယ် ၊ နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပြီမို့ ဆေးထိုးတာ xD

Vote လုပ်ကြပါဦး :)

Love Strategy {Xiulay Version}Where stories live. Discover now